Uncategorized

မြောက်ပိုင်းမှာနော် သိမ်းချက်အံ့မခန်းပဲ..

ဝိုင်းမော်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်တပ် စခန်း ၃ ခု ကို KIA တပ်ဖွဲ့မှ တိုက်ခိုက်သိမ်း ပိုက်။

ဝိုင်းမော် – ၇ မေ ၂၀၂၄။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင် စီ ဒေါက်တိုင် ပြည်သူ့စစ်တပ်စခန်း ၃ ခုကို KIA ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက် ၅ နာရီ အချိန်တွင် ရှောင်တခင် စီးနင်းတိုက်ခိုက်ကာ စခန်းများကို သိမ်းပိုက်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

ဝိုင်းမော်မြို့နယ်ရှိ မုန်ဂါဇွမ်၊ လော့ဖြူး နှင့် ဖော့ဒေါ့ စသည့် ပြည်သူ့စစ် တပ်စခန်းများကို KIA ပူး ပေါင်းတပ်ဖွဲ့က ယနေ့နံနက်တွင် တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင် သတင်း ရင်းမြစ်က 7stars News ကို ပြောသည်။

“ဝိုင်းမော်မြို့နယ်မှာရှိတဲ့ ပြည်သူ့စစ်စခန်းတွေ ကို ဒီနေ့မနက်မှာ တိုက်ခိုက်ရှင်းလင်းလိုက်ပြီ။ ဒီပြည်သူ့စစ်တွေက စစ်ကောင်စီတပ်ထက် ကြောက်ဖို့ကောင်းတယ်။ သူတို့တွေက လူရင်း တွေလေ။ ဒေသခံတွေလေ။ ဒါကြောင့်နယ်မြေ ကိုလည်း ကျွမ်းကျင်တယ်။ ဦးရွှေမင်းရဲ့ ပြည် သူ့စစ်တပ်ဖွဲ့တွေပေါ့။ ဒီမနက်မှာ မုန်ဂါဇွပ် ပြည်သူ့စစ်တပ်စခန်း၊ ဖော့ဒေါ့ပြည်သူ့စစ်တပ် စခန်းနဲ့ လော့ဖြူးပြည်သူ့စစ်တပ်စခန်းတွေကို
သိမ်းနိုင်ခဲ့တာပါ။” ဟု ဆိုသည်။

အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့များသည် စစ်ကောင်စီတပ်ဖွဲ့များအား လမ်းပြပြုလုပ်ကာ KIA စစ်ကြောင်းများ နှင့် တပ်စခန်းများကို ရံဖန်ရံခါ အန္တရာယ်ပြုလေ့ရှိသောကြောင့် ယခုကဲ့သို့ တိုက်ခိုက်ရှင်းလင်းမှုများပြုလုပ် ခြင်းဖြစ်သည်ဟု ဆိုသည်။

#7starsNews

Leave a Reply

Your email address will not be published. Required fields are marked *