Uncategorized

ကဲ ဝင်ကြဝေ့ အုပ်စုလိုက် အလင်းဝင်ကုန်ပြီ

ရှမ်းနီ SNAတပ်ဖွဲ့ဝင် ၅ဦး လက်နက်နှင့်အတူ အလင်းဝင်လာဟု ဟုမ္မလင်း ပကဖ အသိပေး

-People’s Spring

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ရှမ်းနီတပ်ဖွဲ့(SNA)မှ တပ်စိတ်မှုးအဆင့်ရှိရဲဘော်နှစ်ဦးနှင့် အခြားအဆင့်ရှိရဲဘော်သုံးဦး ပြည်သူ့ရင်ခွင်သို့ခိုလှုံလာကြောင်း ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အသိပေး ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် မှ SNAမှ ရဲဘော် ၅ဦးသည် ဧပြီ ၂၄ ရက် တွင် ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)သို့ ချိတ်ဆကိပြီး လက်နက်နှစ်လက်နှင့်အတူ ပြည်သူ့ရင်ခွင်သို့ခိုလှုံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

SNA ရဲဘော်များမှ လက်နက်အပ်နှံခြင်းနှင့် ဟုမ္မလင်း ပကဖက SNA ရဲဘော်များအား ဂုဏ်ပြုဆုငွေပေးအပ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်သည်။

” SNA ရဲဘော်များအနေဖြင့် ပြည်သူများဘက်မှရပ်တည်ပြီး ပြည်သူ့ရင်ခွင်သို့ခိုလှုံလိုပါက ကျွန်တော်တို့ ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ သို့ဆက်သွယ်နိုင်ပါသည်။ ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှလည်း ဒေသခံတိုင်းရင်းသား SNA ရဲဘော်များကို လှိုက်လှဲစွာဖြင့်ကြိုဆိုပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်”ဟု ဟုမ္မလင်း ပကဖက ဖော်ပြခဲ့သည်။

အလင်းဝင်လာသည့် ရဲဘော်များသည် HK 33 လက်နက်တစ်လက်၊ AK 1 လက်နက်တစ်လက် နှင့် ကျည်များ ယူဆောင်လာကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

ပြည်သူ့ရင်ခွင်သို့ခိုလှုံလာသော ရဲဘော်များကို ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ နွေးထွေးစွာကြိုဆိုပြီး လိုအပ်သောအကူအညီများကို ဆက်လက်ပံ့ပိုးဆောင်ရွက်ခဲ့သည်ဟု အသိပေးသည်။

SNAတပ်သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် အစပ်ဒေသများ၌ စစ်ကောင်စီနှင့်အတူ ပူးပေါင်း စစ်ဆင်ရေးလုပ်ဆောင်နေသည့် တပ်ဖွဲ့ဖြစ်သည်။

(အလင်းဝင်လာသော SNA ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ဟုမ္မလင်း ပကဖ)

Leave a Reply

Your email address will not be published. Required fields are marked *