Uncategorized

နိုင်မြင်းကိုသိနေပြီလေ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် NUG အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံခဲ့
********************
မေ ၇ ရက်

ပြီးခဲ့သည့်လ(ဧပြီ) က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါဝင် တော်လှန်ရေး အင်အားစုများကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ထိုင်းသတင်းစာများတွင် ရေးသားဖော်ပြထားကြသည်။

လက်ရှိဖြစ်ပေါ်နေသည့် မြန်မာအရေးနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်းသက်ဆင်နှင့် ကိုယ်စားလှယ်အဖွဲ့က အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်များ၊ NUGနှင့် တော်လှန်ရေးအင်အားစုများကို ဧပြီ ၁၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် Maris Sangiampongsa က အတည်ပြုထားသည်။

သက်ဆင်နှင့် တွေ့ဆုံမှုတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကချင်အမျိုးသားအစည်းအရုံး (KNO)၊ NUG စသည့် တော်လှန်ရေးအင်အားစုများပါဝင်ခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် Thai Enquirer သတင်းဌာနက ရေးသားထားသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင်အနေဖြင့် မြန်မာ့တော်လှန်ရေးအင်အားစုများနှင့် ပုဂ္ဂိုလ်ရေးအရတွေ့ဆုံမှုဖြစ်ပြီး ထိုင်းအစိုးရနှင့် သက်ဆိုင်မှုမရှိကြောင်း ၊ ဆွေးနွေးမှုအခြေအနေ အသေးစိတ်မသိရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး မာရစ်က ဆိုသည်။

ပုံစာ- ထိုင်းဝန်ကြီးချုပ် ဆရတ်ထာ သာဗီဆင် နှင့်အတူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် (ယာ) ကို မတ် ၁၅ ရက်က ချင်းမိုင်မြို့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-AFP)

Leave a Reply

Your email address will not be published. Required fields are marked *