Uncategorized

PDF တစ်ဦးကျဆုံး

ဖားဆောင်းမြို့သိမ်းတိုက်ပွဲ၌ PDF တစ်ဦးကျဆုံး

-ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့သိမ်းတိုက်ပွဲ၌ ဖားဆောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တစ်ဦးကျဆုံးခဲ့သည်။

​မေလ ၄ ရက်နေ့က ဖားဆောင်းမြို့တွင်းတိုက်ပွဲတစ်ခု၌
ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် မှ ရဲ​ဘော်​​​ ​စောကလဲ့ဒိုထူး(ခ)ဖာ​ကေ သည် စစ်ကောင်စီအား တိုက်ခိုက်ရင်း အသက်ပေးလှူခဲ့ရခြင်းဟု ဖား​ဆောင်းPDF ကထုတ်ပြန်သည်။

လက်ရှိအချိန်ထိလည်း ဖားဆောင်းမြို့ရရှိ​ရေးအတွက်ဖားဆောင်းပြည်သူ့ကာကွယ် ရေးတပ်သားများက ဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်းလည်း အသိပေးသည်။

“ခလရ ၁၃၅ ကို ဝင်တိုက်တဲ့အချိန်ကျသွားတာလို့သိရတယ်။အဲဒီနေ့(မေလ ၄ ရက်)က စကစ အနေနဲ့ မြေ ပြင်စစ်ကူမပို့နိုင်ဘူးဆိုပေမယ့် လေကြောင်းကနေ သုံးစီးထက်မနည်းပစ်ကူပေးခဲ့တယ်။လောလောဆယ်ထိတော့ အခြေ
စိုက်တပ်နှစ်ခုလုံးကို ရဖို့ ကြိုးစားနေဆဲ ပါ”ဟု ဖားဆောင်း PDF နှင့် နီးစပ်သူက လူထုနွေဦးသို့ မြို့သိမ်းတိုက်ပွဲအ​ခြေအ​နေကို ပြောသည်။

ဖေဖော်ဝါရီ ၂၉ ရက်မှစတင်ခဲ့သည့် ဖားဆောင်းမြို့သိမ်း
တိုက်ပွဲတွင် စစ်ကောင်စီအခြေစိုက်စခန်းငယ် ၉ ခုခန့်ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းထားသည်။

ထို့အပြင် ဘောလခဲ ဘက်မှ စစ်ကူလာသည့် စစ်ကောင်စီ တပ်စစ်ကြောင်း များကိုလည်း နှစ်ကြိမ်တိုင်ကြားဖြတ်တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့သည်။ထိုစစ်​ကြောင်းများမှ လက်
နက်မျိုးစုံ ရာဂဏန်းခန့်သိမ်းဆည်းရရှိခဲ့ကာ တပ်ရင်းမှူးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်သား ၅၀ ကျော်ကိုစစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သည်။

ဖားဆောင်းမြို့တွင် စစ်ကောင်စီ၏ ခလရ(၁၃၄) နှင့် (၁၃၅) အခြေစိုက်တပ်နှစ်ခုသာကျန်ရှိ​တော့သည်။ အဆိုပါစခန်းနှစ်ကို ကရင်နီတပ်ပေါင်းစု က ဝိုင်းဝန်းပိတ်ဆို့ ထားကြောင်း ကရင်နီပြည် ပြည်သူ့လွတ် မြောက်ရေးတပ်မတော်
(KPLA-ကလလတ) ဗျူဟာ ၁ စစ်ဗျူဟာမှူး က ဧပြီလနောက်ဆုံးပတ်တွင် ပြောဆိုထားသည်။

(ဖား​ဆောင်းမြို့တိုက်ပွဲတွင် မြို့လယ်တစ်​နေရာကို ၂၀၂၄ မတ်လအတွင်းက​တွေ့ရစဉ်။ဓါတ်ပုံ-CJ)

Leave a Reply

Your email address will not be published. Required fields are marked *