Uncategorized

စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

ကြာအင်းဆိပ်ကြီး၊ တောင်စွန်းစခန်းနှင့် အနန်းကွင်းဗျူဟာစစ်စခန်းသို့ စစ်ကူလာသော ခမရ ၄၀၃ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

ရန်ကုန်၊ မေ ၄

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသ ၊ တောင်စွန်းစခန်းနှင့် အနန်းကွင်းဗျူဟာစစ်စခန်းသို့ စစ်ကူလာသော ခမရ ၄၀၃ စစ် ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နဂါးနီ စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၈ရက်နေ့ တွင် ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဘုရားသုံးဆူ ဒေသ တောင်စွန်းစခန်း နှင့် အနန်းကွင်းဗျူဟာစခန်းသို့ စစ်၊ကူ တက်လာသော ခမရ ၄၀၃ စစ်ကြောင်းကို နဂါးနီစစ်ကြောင်းနှင့် KNLA တပ်ရင်း ၁၆ တို့က အကြိမ်ကြိမ်လိုက်လံပိတ်ဆို့ တိုက် ခိုက်ခဲ့ကြောင်း၊ တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က တိုက်လေယာဉ်ဖြင့် ၆ ကြိမ်၊ ရဟတ်ယာဉ်ဖြင့် ၂ ကြိမ်၊ အမြောက်တပ်က ၁၅၅ ဟောင်ဝစ်ဇာ အမြောက်များ၊ ၈၁ မမ ပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ၈ ဦဒဏ်ရာရရှိကြောင်း၊ နဂါးနီစစ်ကြောင်းဘက်မှ ရဲဘော် ၄ ဦးဒဏ်ရာရရှိကြောင်း၊ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

“စစ်တပ်ဘက်မှ ဒဏ်ရာရတဲ့ ၈ ဦးထဲမှာ အရာရှိတွေပါတယ်။ သေဆုံးတဲ့ စစ်သားတွေကတော့ တပ်ကြပ်ကြီး နဲ့ တပ်ကြပ်တွေ များပါတယ်။ အခုလက်ရှိ အခြေအနေက တင်းမာနေတုန်းမို့ ဆက်လက် တိုက်ပွဲငယ်တွေ ဖြစ်နေဆဲပါ” ဟု နဂါးနီစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃ ရက်နေ့ နံနက်ပိုင်း ကရင်ပြည်နယ်၊ ကြာအင်းဆိတ်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၈၄ အခြေစိုက် တောင်စွန်းစစ်စခန်းကို KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (P29999/ အထူးတပ်ဖွဲ့) ၊ lion battalion commando စစ်ကြောင်း၊ federal wings၊ Cloud Wings ဒရုန်းပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ တောင်စွန်းစစ်တပ် စခန်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး မေလ ၃ ရက်နေ့ ၊ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၆ ဦးသေဆုံးပြီး တပ်ရင်းမှူး အပါ အဝင် ၁၃ ဦး ထွက်ပြေးသွားကြောင်း၊ လက်နက် ၄၀ ကျော်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *