Uncategorized

ချစ်ကိုကြီး

တပတ်စဉ်ထဲ သူငယ်ချင်းတွေကို ဦးတည်ပြီး
ဖိတ်ခေါ် ဆက်သွယ် စည်းရုံးခဲ့ပါတယ်။

မင်းအောင်လှိုင်ကလည်းပဲ ခွေးရူးပမာ တုန့်ပြန်ပါတယ်။

အခု ကျနော့် အပတ်စဉ် စစ်တက္ကသိုလ် (၃၉) ဆင်း (၁၀၁) တပ်မမှူး ဗိုလ်မှူးချုပ်မြင့်ရွှေကို ဒါဏ်ရာတွေ ဗရပွ ရနေတဲ့ ကြားက ဖမ်းဆီးထိမ်းသိမ်းလိုက်ပါပြီ။

သူငယ်ချင်း မြင့်ရွှေ မင်းအတွက် စိတ်မကောင်းပါဘူး။ အစောကြီးကတည်းက တပ်မ လိုက် ငါနဲ့ လာပူးပေါင်းခဲ့ရင် မင်းအောင်လှိုင်ကို အခုချိန် ငါကိုယ်တိုင် လက်ထိပ်ခတ်ဖမ်းနိုင်ခဲ့မှာပါ။

မင်း နောက်ကျသွားတော့ မင်း ခံ ရမယ့် အလှည့်ပေါ့။

နေပြည်တော် တိုင်းမှူးကြီး ကျိုက်ထို စိုးမင်း မင်း ရော ဘယ်နေ့ အချုပ်ထဲ ရောက်မလဲ ။ စောင့်ကြည့်နေရအုံးမယ်ထင်ပါတယ်။

အောက်ခြေက မအခ ခဝေးတွေက ကျနော်နဲ့ နံမည်တူသူမှန်သမျှ ရိုက်နှက်ဖမ်းဆီးနှိပ်စက်တယ်။ အခု ခွေးဘုရင် မင်းအောင်လှိုင်က ကျနော့် အပတ်စဉ်က ဗိုလ်ချုပ်တွေကို တယောက်ပြီး တယောက် ဖမ်းလာတယ်။

ပထမဖမ်းခံရသူ ငယ်သူငယ်ချင်း က (ဝက်မွှေး လို့ အမည်ပြောင် ခေါ်တဲ့) ရပခ တိုင်းမှူး ဗိုလ်ချုပ်လှမိုး ။ အခု ထောင်ဆယ်နှစ်ချခံလိုက်ရပြီ။ ကျနော်နဲ့ တပ်စုတစုထဲ ကုတင် ချင်းဆိုင်၊ လေးနှစ်အတူ၊ အရင်းနှီးဆုံးသူငယ်ချင်း။ ကျနော် သူ့ အမည် ထုတ်ပြော၊ သူ့ကို ချိတ်ဆက်မှုတွေ လုပ်ကြည့်လိုက်တာ။ သူ ထောင် ဆယ်နှစ်ချခံလိုက်ရတယ်။

နောက် စတသ (၃၇) က နေပြည်တော်တိုင်းမှူးဟောင်း ကိုစောသန်းလှိုင် ။ သူလည်း သနားပါတယ်။ ကျနော် ကော့သောင်းထောင်မှာ ဖမ်းခံထားရတုန်းက ထောင်ဝင်စာ ငါးခြောက်ကြော် ဘူးကြီးတွေ အများကြီး ပို့ပေးခဲ့ဖူးတယ်။ ကျေးဇူးတော့ရှိခဲ့ပါတယ်။ အခု ဗိုလ်ချုပ်စောသန်းလှိုင်လည်း ထောင်ထဲမှာလို့ ကြားရတယ်။ နောက် ထပ်ဖမ်းခံရအုံးမယ့် ဗိုလ်ချုပ်တွေ ကြိုတင်သုံးသပ် ပြချင်သေးတယ်။

နေပြည်တော် ထောင်ကို ဗိုလ်ချုပ်ထောင် လို့ အမည်ပြောင်းခေါ်ရမလောက်အောင် မင်းအောင်လှိုင် စောက်ရူးက ဖမ်းချင်သူတွေ ဖမ်းပြီး ထောင်ထဲ ထည့်အုံးမှာမို့။

တောင်ငူက တိုင်းမှူး ကြည်သိုက် ရေ။ ခွေးရူးဆွဲ မခံရပါစေနဲ့

ဦးသိန်းစိန် လည်း ဘယ်လောက်ကြိုးစားကြိုးစား ခွေးရူး မအလ ကို မနိုင်လောက်ဘူး။

ခွေးရူးသွားပြီဆို ဆေးမရှိဘူး။

အဆိပ်သွပ်အမဲလုံး နဲ့ လည်မြိုရိုက် ဒုတ် ပဲ သုံးရလိမ့်မယ်။

တပတ်စဉ်တည်း သူငယ်ချင်း ဗိုလ်ချုပ်တွေကို အချိန် မနှောင်းခင် ခွေးရူးနှင် ဖို့
ပြင်ဆင်ကြံဆ ပူးပေါင်းကြစို့ လို့ ထပ်မံနောက်ဆုံး သတိပေးလိုက်ရပါကြောင်း။

နေမျိုးဇင်
ဗလ လေးခြောက်ခွန်ခြောက်။ ကြည်း နှစ်ကိုးလေးလေးလေး. စတသ ၃၉

Leave a Reply

Your email address will not be published. Required fields are marked *