Uncategorized

လားရှိုး

MNDAA နဲ့ ပူးပေါင်းတပ်တွေ လားရှိုးမြို့ ပတ်ပတ်လည်ကို ပိတ်ဆို့ထားပြီ
လားရှိုးမြို့ထဲထိ တပ်တချို့ရောက်နေပြီလို့ ဆို

မှူးအိန်ဂျယ်လ်/MFP၊

ရှမ်းမြောက်ဒေသ၊ လားရှိုးမြို့ကို ကိုးကန့်တပ်တော် (MNDAA) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ ဝိုင်းပတ်ပိတ်ဆို့ ထားပြီး လားရှိုးမြို့ထဲထိအောင် ရောက်ရှိနေပြီလို့ ကိုးကန့်တပ်တော်-MNDAA ရန်ဦးစီးဌာနမှူးက MFP ကို ပြောပါ တယ်။

“မြို့ပတ်ပတ်လည်ကို ဝိုင်းထားပြီးပြီ။ ၅ ရက်နေ့နဲ့ ၇ ရက်နေ့က မြို့ကို ဝင်သွားတာပါ။ MNDAA တပ်တွေ အနေနဲ့ မြို့ထဲကို ရောက်နေပါပြီ” လို့ ရန်ဦးစီးဌာနမှူးက ပြောပါတယ်။

MNDA Aတပ်တွေအနေနဲ့ လားရှိုးမြို့ အနီးတဝိုက်နဲ့ မြို့တွင်းကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် တပ်ဖွဲ့ဝင်တွေ အ နေနဲ့ စစ်မြေပြင်အတွင်း စစ်ဉပဒေတွေကို အတိအကျ လိုက်နာဖို့ အချက်ကိုးချက်ပါ စည်းမျဉ်း စစ်ဥပဒေကို MNDAA က ဒီကနေ့ညပိုင်းမှာ ထုတ်ပြန်ထားခဲ့ပါတယ်။

ဇူလိုင်လ၂၉ ရက် မနက်ပိုင်းက စပြီး လားရှိုးမြို့ မြောက်ဘက် နမ့်ဖူးယိုင်ရှိ မဟာမိတ်တပ်များ ကာကွယ်ရေး နယ် မြေကို စစ်အုပ်စုတပ်ရင်း-၅၇၉ က ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် MNDAAနဲ့ စစ်အုပ်စုတို့အကြား တကြော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တရုတ်ရဲ့ကြားဝင်မှုကြောင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်အုပ်စုတို့အကြား အပစ်ရပ်ဖို့ ချုပ်ဆိုထားတဲ့ ဟိုက်ဂင် သဘောတူညီချက်ကို စစ်အုပ်စုဘက်က စတင်ချိုးဖောက်ခဲ့တာမို့ ရှမ်းမြောက်မှာ အခုလို တကြော့ပြန် တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတာ ဖြစ်တယ်လို့ ကိုးကန့်တပ်တော် (MNDAA) က အသိပေး ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာ လားရှို့မြို့ ဟိုပိတ်ရွာမှာရှိတဲ့ စစ်အုပ်စု စခန်းတစ်ခုကို ဇူလိုင်လ ၉ရက်က MNDAA နဲ့ တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

#Mandalay_Free_Press_MFP

Leave a Reply

Your email address will not be published. Required fields are marked *