Uncategorized

ကြယ်လေး ၁၂ ပွင့် . .

ရှမ်းမန်းစစ်ဆင်ရေးအတွင်း ရွှေဘိုခရိုင်တပ်ရင်းများမှ ရဲဘော် ၁၂ဦးထက်မနည်း ကျဆုံး

ဇေအောင်/People’s Spring

ရှမ်းမန်းစစ်ဆင်ရေးအတွင်း ရွှေဘိုခရိုင်တပ်ရင်းများမှ ရဲဘော် ၁၂ဦးထက်မနည်း ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ရွှေဘိုခရိုင် အမှတ်(၂၆)တပ်ရင်းမှ ရဲဘော် လေးဦးနှင့် အမှတ် (၁၈)တပ်ရင်းမှ ရဲဘော် ရှစ်ဦးတို့ ကျဆုံးခဲ့ခြင်းဖြစ်ပြီး အခြား ရွှေဘိုခရိုင်တပ်ရင်းများမှ ရဲဘော်အချို့လည်း ကျဆုံးခဲ့ကြောင်း အမှတ် (၂၆)တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“၁၂ဦးမကဘူးဗျ။ တချို့တပ်ရင်းတွေက ဖော်ပြမထားသေးလို့ဗျ။ တပ်ရင်း(၁၅)တို့လည်းရှိသေးတယ်။ MOD(ကာကွယ်​ရေးဝန်ကြီးဌာန) က ထုတ်ပြန်ထားတဲ့တပ်ရင်းတွေထဲက ရဲဘော်တွေပေးဆပ်ထားရတာရှိတယ်။”ဟု အမှတ် (၂၆)တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနှင့် ရှမ်းမန်း စစ်ဆင်ရေးတွင် မန္တလေးတိုင်းအတွင်း စုဖွဲ့ထားသော ဗျူဟာများ၊ တပ်ရင်းများအပြင် စစ်ကိုင်းတိုင်း၊ ဗျုဟာ (၅၂)မှ ရွှေဘိုခရိုင် တပ်ရင်း (၇)၊ ရွှေဘိုခရိုင် တပ်ရင်း ၁၀၊ ရွှေဘိုခရိုင် တပ်ရင်း ၁၆၊ ဗျူဟာ (၅၅)မှ ရွှေဘိုခရိုင် တပ်ရင်း ၁၅၊ရွှေဘိုခရိုင် တပ်ရင်း ၁၈ ၊ ရွှေဘိုခရိုင် တပ်ရင်း ၂၃၊ ရွှေဘိုခရိုင် တပ်ရင်း ၂၆၊ ညောင်ဦးခရိုင် တပ်ရင်း ၃ တို့ပါဝင်တိုက်ခိုက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။

ဇွန်လ ၂၅ ရက်က စတင်ခဲ့သည့် ရှမ်းမန်းစစ်ဆင်ရေးတွင် စဥ့်ကူးနှင့် မတ္တရာမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် ပူးပေါင်းတပ်များက စခန်းသိမ်းတိုက်ပွဲများဆင်နွှဲခဲ့ရာ ဇူလိုင် ၆ ရက်အထိ စစ်ကောင်စီ တပ်စခန်း စုစုပေါင်း (၃၆)ခုကို အပြီးသတ် သိမ်းပိုက်ရရှိထားသည်။

စစ်ကောင်စီဘက်က အရာရှိများအပါအဝင် ထိခိုက်သေဆုံးမှုအများအပြားရှိပြီး
ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်းနှင့် အလင်းဝင်သူ စုစု​ပေါင်း ၁၃၀ ကျော်ရှိ​နေသည်။

ထို့အပြင် စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်းများအများအပြား သိမ်းဆည်းရမိထားသည်။

(ရှမ်းမန်းစစ်ဆင်ရေးတွင် ကျဆုံးခဲ့သော ရွှေဘိုခရိုင်အမှတ် (၂၆)တပ်ရင်းမှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ – MDF)

Leave a Reply

Your email address will not be published. Required fields are marked *