Uncategorized

စောစီး ဝမ်းသာလိုက်တာ

၁။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်နေ့ နေ့လည်(၁၂)နာရီဝန်းကျင်တွင် ပုလောမြို့နယ်၊ (၅)မိုင်ကျေးရွာအနီးသို့ အင်အား(၅၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ ခလရ(၂၈၅)စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း(၇)တပ်ခွဲ(၅)၊ ပုလောဒေသကာကွယ်ရေးတပ်(PRDF)မဟာမိတ်ပူးပေါင်းတပ်များမှ ဝိုင်းရံတိုက်ခိုက်ခဲ့သည်။

၂။ အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူး(၁)ဦးအပါအဝင် ဖက်ဆစ်စစ်သား(၅)ဦးအား သုတ်သင်နိုင်ခဲ့ပြီး (၂)ဦးအား လက်ရဖမ်းဆီးနိုင်ခဲ့သည်။ မိမိတို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းမှ ရဲဘော်(၁)ဦး (မစိုးရိမ်ရ)ဒဏ်ရာရခဲ့ပြီး ပုလောဒေသကာကွယ်ရေးတပ်(PRDF)မှ ရဲဘော်(၁)ဦး မြင့်မြတ်စွာ အသက်ပေးဆပ်ခဲ့ရသည်။

[ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ]

(၁) MA-7 ၆၀မမ စိန်ပြောင်း (၁)လက်
(၂) ၆၀မမ ကျည် (၃)ခု
(၃) MA-1 ရိုင်ဖယ် (၁)လက်
(၄) MA-2 အပေါ့စားစက်သေနတ် (၂)လက်
(၅) MA-3 ရိုင်ဖယ် (၃)လက်
(၆) MA-5 ပစ္စတို (၁)လက်
(၇) အီနဂါ (၁)ခု
(၈) လက်ပစ်ဗုံး (၈)လုံး
(၉) MA-14 နင်းမိုင်း (၃)ခု
(၁၀) MA ကျည်ဘောက် (၂၇)ခု
(၁၁) MA-2 ကျည်ဘောက်အဝိုင်း (၂)ခု
(၁၂) ၅.၅၆(ကပစ) ကျည် (၂၄၁၂)တောင့်
(၁၃) စစ်ဦးထုပ် (၆)လုံး
(၁၄) စကားပြောစက်(အသေး) (၁)လုံး
(၁၅) လက်ကိုင်ဖုန်း (၄)လုံး
(၁၆) ကျည်ကာအင်္ကျီ (၅)စုံ
(၁၇) အီကွေးမင်း (၅)ခု
(၁၈) ကျောဘိုးအိတ် (၁)လုံး

[ အသေဖမ်းဆီးရမိသည့် ရန်သူစာရင်း ]

(၁) ကြည်း-၅၀၀၇၉ ဗိုလ်မှူး သက်ထွန်းအောင်
(၂) တ-၇၃၁၆၉၁ တပ်ကြပ်ကြီး ခင်မောင်သိန်း
(၃) တ-၇၇၃၉၈ တပ်ကြပ် ခိုင်လင်းအောင်
(၄) တ-၉၆၀၃၅၉ တပ်ကြပ် တင်စိုး
(၅) တ-၄၂၄၀၈၆ ဒု-တပ်ကြပ် သန်းဦးမြင့်

[ အရှင်ဖမ်းဆီးရမိသည့် ရန်သူစာရင်း ]

(၁) တ-၂၄၀၃၈၈ တပ်ကြပ် မောင်ဖြူ
(၂) တ-၈၈၈၀၄၆ တပ်ကြပ် မြမောင်

သတင်းနှင့်ပြန်ကြားရေး
ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)
မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း

Leave a Reply

Your email address will not be published. Required fields are marked *