Uncategorized

ဖောင်းပြင်မှာ

■ဖောင်းပြင်မြို့သိမ်းတိုက်ပွဲ တော်လှန်ရေးအင်အားစုတွေ ဆင်နွှဲ

■မြို့မကျရေး စစ်အုပ်စု လေကြောင်းပစ်ကူ တန်ပြန်ခုခံနေ

ကိုသူ/MFP ၊ ဇူလိုင် – ၉

စစ်ကိုင်းတိုင်း အထက်ပိုင်း ‌ဖောင်းပြင်မြို့ကို သိမ်းယူနိုင်ဖို့ တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲ နေပြီး စစ်အုပ်စုဘက်ကလည်း မြို့သိမ်းမခံရရေး အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တွေ က MFP ကိုပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ချင်းတွင်းမြစ်ဘေးမှာတည်ရှိတဲ့ အဆိုပါမြို့ကို တော်လှန်ရေးအင်အားစုတွေက ဇွန်လ အစောပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်ကလည်း မြို့မကျရေး လေကြောင်း အကူအညီအသုံးပြုပြီး တန်ပြန်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဖောင်းပြင်မြို့ခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြော ပါတယ်။

” ကျနော်တို့ ကျေးရွာတွေတော်တော် များများကို သိမ်းပိုက်ထားပြီးပါပြီ။ မြို့သိမ်းနိုင်ဖို့ တိုက်နေတယ်။ (စစ်အုပ်စု ဘက်က) လေကြောင်းကတော့ နေတိုင်းလာလာပစ်နေတယ်” လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။
ဖောင်းပြင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၅ ရွာက စစ်အုပ်စုစခန်းတွေကို တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်က စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိ ဇူလိုင်လ ၉ ရက် ဒီကနေ့စတင်ကာ မြို့သိမ်း တိုက် ပွဲကို ဆင်နွှဲနေတာဖြစ်တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

အချိန်တစ်လကျော် ကြာရှိနေပြီဖြစ်တဲ့ ဖောင်းပြင်မြို့သိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အသေအပျောက်ရှိ သ လို တော်လှန်ရေးရဲဘော်တချို့လည်း ထိခိုက်ကျရှုံးမှုရှိတယ်လို့ ဖောင်းပြင်မြို့ခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“အသေအပျောက်ကတော့ နှစ်ဖက်စလုံးရှိပါတယ်။ တိုက်ပွဲက ဆက်ဖြစ်နေတုန်းဆိုတော့ အသေးစိတ် ပြောလို့ မရ နိုင်သေးဘူး။လက်ရှိအချိန်ထိ တိုက်ပွဲကပြင်းထန်နေပါသေးတယ်” လို့ အဆိုပါ ရင်းမြစ်က ဆိုပါတယ်။
ဖောင်းပြင်မြို့တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြို့နယ်အတွင်းမှာရှိတဲ့ ရောင်းဟီးရွာ၊ အရှေ့ခမိုင်းရွာ၊ သက္ကယ် ကျင်းရွာ၊ ဆည်ချောင်းရွာ၊ ပုဂံတောင်ရွာ၊ ဟာပါရွာ၊ ညောင်ကုန်းရွာ၊ ချောင်းခွရွာ၊ မယ်ဇလီရွာ၊ ခုံသာရွာ၊ နန်းပန်ရွာ၊ အင်းဝိုင်းရွာ၊ မော်လိုက်ကုန်းရွာ၊ ရွှေထီးကုန်းရွာ၊ ဆိတ်စားရွာစတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ အကူအညီပေးသူတွေကပြောပါတယ်။

ပုံစာ ။ အမှတ်(၁)စစ်ဒေသ Homalin People Defense Force HPDF တပ်ဖွဲ့၀င်တွေကို တွေ့ရစဉ်။
ဓာတ်ပုံ။ Homalin prople’s Defence Force

#Mandalay_Free_Press_MFP

Leave a Reply

Your email address will not be published. Required fields are marked *