Uncategorized

လူတိုင်းမလုပ်နိုင်တာကို

◼️အချက် ၃ ချက်ကို တော်လှန်အနုပညာရှင် မင်းမော်ကွန်း က ဂျပန်အစိုးရထံ တောင်းဆိုဆွေးနွေးခဲ့

၈ ဇူလိုင် ||| နွေဦးအသံ |||

ဂျပန်နိုင်ငံ၊ မြို့တော် တိုကျိုမြို့ရှိ ဂျပန်အစိုးရအဖွဲ့နဲ့ တော်လှန်အနုပညာရှင် မင်းမော်ကွန်းတို့ ဇူလိုင် ၈ ရက်မှာ ရင်းနှီးချစ်ကြည်စွာ တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေးအတွက် အချက် ၃ ချက်တောင်းဆိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံ၊ မြို့ကြီး ၄ မြို့မှာ တော်လှန်ရေးရန်ပုံငွေပွဲ လာရောက်ဖျော်ဖြေခွင့်ပြုတဲ့အတွက် တော်လှန်အနုပညာရှင် မင်းမော်ကွန်းက ဂျပန်အစိုးရကို ကျေးဇူးတင်ကြောင်း၊ ဂျပန်အစိုးရအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့ပြီး သွေးစွန်းငွေဖြတ်တောက်ရေး အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ဖို့၊ အတိဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ထိရောက်စွာ ကူညီပေးဖို့ အဓိက အလေးပေး တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန်အစိုးရအနေနဲ့ စစ်အာဏာသိမ်းမှုကို မထောက်ခံကြောင်းနဲ့ မြန်မာပြည်သူတွေအတွက် တတ်စွမ်းနိုင်သမျှ ကူညီလျက်ရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာရေးရာတာဝန်ခံကလည်း တော်လှန်အနုပညာရှင် မင်းမော်ကွန်းကို ပြန်လည် ဖြေကြားပြီး လက်ရှိ မြန်မာ့အရေးကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

ဓါတ်ပုံ | Gunma ရန်ပုံငွေပွဲ

 

Leave a Reply

Your email address will not be published. Required fields are marked *