Uncategorized

လာရှိုးက

လားရှိုးမြို့နယ် နမ့်ပေါင်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီလက်နက်ချဟု စစ်ရေးသတင်းရင်းမြစ်ပြော

ဇူလိုင် ၆ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းကို ကိုးကန့် တပ်မတော် (MNDAA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်တပ်ဖွဲ့ဝင် အများအပြား လက်နက်ချအညံ့ခံခဲဟု စစ်ရေးသတင်းရင်း
မြစ်ကပြောသည်။

“လားရှိုးမှ တန့်ယန်းသွားတဲ့လမ်း နမ့်ပေါင် စကစ ဗျူယာတပ်စခန်းသိမ်းပိုက်စဉ် စကစတပ်ဘက်မှအင်းအား ၃၀၀ ကျော် MNDAAထံလက်နက်ချသွားတယ်။အင်းအား ၇၀၀ ကျာ်ရှိတဲ့ထဲက ၃၀၀ ကျော် လက်နက်ချတယ်။နမ်ပေါင်ကို MNDAA ထိန်းချုပ်လိုက်ပါပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လားရှိုးမြို့အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖြစ်သည့်ခလရ (၂၉၁) တပ်ရင်းဌာနချုပ်သည် နမ့်ပေါင်ကျေးရွာ၌ ရှိပြီး
ထိုးစစ်စသည့် ဇူလိုင် ၃ရက်ကတည်းက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ခလရ ၂၉၁ဟာ ရမခ (နေ၀န်းနီ ကြက်ဥကြော်) ရဲ့ တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖြစ်ပါတယ်။ ခလရ ၂၉၁ရဲ့ နောက်တန်းမှူးလို့ အလွယ်ခေါ်ကြတဲ့ဌာနချုပ် တပ်ခွဲမှူးနဲ့ နောက်ချန်စစ်သည်အင်အားနဲ့ တပ်မဟာ ၁၆ (ယခင် စကခ ၁၆ သိန္နီ )တို့ပူးပေါင်း ခံစစ်ဆင်နေပေမယ့် အမိန့်အရလားမသိ ဆုတ်ခွာသွားရပြီ ဖြစ်ပါတယ်”ဟု စစ်ရေးအခြေအနေများနေ့စဉ်ထုတ်ပြန်ပေးနေသည့် CDM ဗိုလ်ကြီးဇင်ယော်က ယနေ့နံနက် ရေးသားထားသည်။

လက်ရှိ လားရှိုးမြို့ အခြေအနေမှာ
လက်နက်ကြီး၊ လက်နက်ငယ်သံများ
မကြာခဏ ကြားနေရဆဲဖြစ်သည်ဟု လားရှိုးဒေသခံက ပြောသည်။

(MNDAA၏ တိုင်းရင်းသားတပ်မဟာအား လက်နက်ပေးအပ်ပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ – MNDAA
People’s Spring

Leave a Reply

Your email address will not be published. Required fields are marked *