Uncategorized

လျှပ်တပြက် မိုးကုတ်

လျှပ်တပြက် မိုးကုတ်

ဇူလိုင် ၄ ရက်

TNLA၊ မိုးကုတ်ဗျူဟာ ၊MDY-PDF နှင့် ပူပေါင်းတပ်များထိန်းချုပ်ထားသည့် မိုးကုတ်အနောက်ပိုင်း (ကျပ်ပြင် )
ယနေ့မြင်ကွင်းများဖြစ်သည်။ TNLA တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ မှတ်တမ်းတင်ထားခြင်းဖြစ်သည်။

“အရှေ့ရပ်ကွက်တော့မသိဘူး။ ကျနော်တို့ အနောက်ရပ်ကွက်တော့လူစည်နေပြီ” ဟု ၎င်းက ရေးကာလူမှုကွန်ယက်တွင် ဓာတ်ပုံများ ​ဖော်ပြထားသည်။

မိုးကုတ်မြို့မှစစ်ကောင်စီစခန်းများကို TNLA ၊MDY-PDF ၊မိုးကုတ်ဗျူဟာတပ်ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄တို့ကဇွန်လ ၂၅ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး မိုးကုတ်မြို့အနောက်ပိုင်းကို ဇွန်လ ‌၃၀ရက်နေ့လယ်ပိုင်းတွင် စတင်ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။

မြို့အနောက်ပိုင်းရှိ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ဖြူရောင်ကုန်း၊ အောင်သာယာနှင့် အာကာမိုး တပ်စခန်းများအား TNLA ၊PDFပူး‌ ပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်ထားသည်ဟု TNLAက ထုတ်ပြန်ထားသည်။

TNLA၊MDY-PDF နှင့် ပူပေါင်းတပ်ရဲဘော်များကို ပြုံးပြုံးရွှင်ရွှင်တွေ့ရပြီး ဒေသခံများအား အကူအညီများ ပေးနေသည်။

” ကျတာ် ဆိုင်ကယ်ဆီပြတ်လို့ တွန်းနေတာ။ ဆီတောင် လိုက်ထည့်ပေးတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

မိုးကုတ်မြို့အရှေ့ပိုင်းတွင် တိုက်ပွဲများဖြစ်ပွား​နေပြီး လုံခြုံ
ရေးအထူးဂရုစိုက်ရန် တော်လှန်ရေးတပ်ဖွဲ့ဝင်များက သတိ
ပေးထားသည်။ မိုးကုတ်မြို့ အ​ရှေ့ပိုင်းတွင် ဇူလိုင် ၄ ရက်
ည​နေပိုင်းတွင် ပစ်ခတ်သံများကြား​နေရ​သော​ကြောင့် ​​ဒေသခံပြည်သူများက အချင်းချင်းသတိ​ပေး​နေကြသည်။

ဖုန်းလိုင်းများပြတ်​တောက်​နေ၍ ဆက်သွယ်​ရေးခက်ခဲ​နေ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

မိုးကုတ်နှင့် မန္တလေးကြားရှိ မတ္တရာ၊စဉ့်ကူးမြို့တို့မှ စစ်ကောင်စီစခန်းများကိုလည်း MDY PDF ဦးဆောင်သည့် ပူးပေါင်းတပ်များက ဆက်တိုင်သိမ်းယူနေရာ ပတ္တမြားမြေသည် မကြာမီ လွတ်မြောက်တော့မည်ဟု မြို့ခံအချို့က ယုံကြည်‌နေကြဖြစ်သည်။

(မိုးကုတ်မြို့ အ​နောက်ပိုင်းဇူလိုင် ၄ ရက်မြင်ကွင်း။
ဓါတ်ပုံ-Mai A Hein)
People’s Spring

Leave a Reply

Your email address will not be published. Required fields are marked *