Uncategorized

သံတွဲကို အကိုထွန်းတို့

သံတွဲမြို့နယ်ကို AA စတင်ထိန်းချုပ်နေပြီဟုဆို

ဇူလိုင်လ ၄ ရက်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ နေရာများကို အာရက္ခတပ်တော်(AA)က စတင်ထိန်းချုပ်နေပြီဖြစ်ပြီး ရွှေလှေတိုက်နယ်မှ သံတွဲမြို့အံတော်ဘက်ခြမ်းအထိ အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားပြီးဖြစ်ကာ မြိုတွင်း၌သာ စစ်ကောင်စီတပ်များ ကျန်ရှိတော့သည်ဟု စစ်ရေးသတင်းအရင်းအမြစ်နှင့် ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် မေလ (၁၃)ရက်နေ့ကစတင်ကာ သံတွဲမြိုနယ်နှင့် မိုင်(၂၀)ခန့်ဝေးသည့် သံတွဲ-တောင်ကုတ်အစပ် ရွှေလှေတိုက်နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် အထိနာသည့် စစ်ကောင်စီတပ်များသည် တပ်ဆုတ်သွားရာ AA သည် ရွှေလှေတိုက်နယ်နှင့် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းတို့ကို သိမ်းပိုက်လိုက်ခြင်းဖြစ်ကာ လက်ရှိတွင် ငပလီရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

“ရွှေလှေဘက်မှာ စစ်သားဆိုတာ ဘာလဲလို့တောင်မေးယူရမယ်။ စစ်ကောင်စီတပ်တွေမရှိတော့ဘူး။ မင်းအောင်လှိုင်ရဲ့ မိန်းမရွာ ဇီးကျွန်းကအစ သူဌေးချောင်းစီမံကိန်းအကုန်လုံးကို AA က သိမ်းထားတာ။

အဆက် – ⤵️⤵️

Leave a Reply

Your email address will not be published. Required fields are marked *