Uncategorized

ကြယ်လေး ၄ ပွင့် . .

ရေစကြိုမြို့နယ်ရှိ ကျေးလက်ဆေးပေးခန်း စစ်တပ် ဝင်ရောက်စီးနင်းရာ PDF ရဲ​ဘော်လေးဦး ကျဆုံး

ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြူကျေးရွာရှိ ကျေးလက်ဆေးပေးခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ PDF ရဲ​ဘော် လေးဦး ကျဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်၂ ရက် နံနက် ၆ နာရီခန့်က ရေစကြိုမြို့နယ်၊ ကြူတောကျေးရွာရှိ ကျေးလက်ဆေးပေးခန်းကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ ဆေးခန်းရှိ ရဲဘော် လေးဦးကျဆုံးပြီး လက်နက်အချို့သိမ်းဆည်းခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

“ရေစကြိုဘက်ကနေ လာတာလို့ပြောတယ်။ လေးယောက်ကျတယ်။ လက်နက်တွေလည်းအသိမ်းခံရတယ်။ ကျန်တဲ့ ရဲဘော်တွေကတော့လွတ်သွားတယ်။”ဟု ဒေသတွင်း PDF အဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။

ထို့အပြင် ပြည်သူအချို့ကိုလည်း ဓါးစာခံအဖြစ်ဖမ်း​ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

တိုက်ခိုက်ခံရသည့်အဖွဲ့မှာ နဂါးညီနောင်ပြောက်ကျားတပ်ဖွဲ့ဟုသိရပြီး အဆိုပါအဖွဲ့နှင့်ဆက်သွယ်၍ မရသေးပေ။

စစ်ကောင်စီ၏ တယ်လီဂရန်ချန်နယ်များတွင်လည်း PDFများအား ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိထားကြောင်း ဝါဒဖြန့်နေသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်ကလည်း ရေစကြိုမြို့နယ်၊ ခုနှစ်ပင်ကျေးရွာရှိPDF ကင်းအဖွဲ့နှင့် စစ်ကောင်စီတပ်များတို့ ပစ်ခတ်မှုဖြစ်ပြီး PDF ရဲဘော် လေးဦးကျဆုံးခဲ့သေးသည်။

(စီးနင်းတိုက်ခိုက်ခံရသော ကျေးလက်ဆေးပေးခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ-စကစ)

Leave a Reply

Your email address will not be published. Required fields are marked *