Uncategorized

လင်းလိုက်ပြန်ပီ ဂွတ်ရှယ်ကြီး

နွယ်ရုံရဲစခန်း အပါအဝင် စဉ့်ကူးနယ် စစ်အုပ်စု စခန်း ခြောက်ခုကို သိမ်းပိုက်၊
စစ်သုံ့ပန်း (၁၃) ဦး ဖမ်းမိကာ လက်နက်မျိုးစုံ (၄၀)ကျော် ရဟု MDY-PDF ထုတ်ပြန်၊

ဒေါ်လာ/MFP ၊ ဇူလိုင်-၃

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ မန္တလေး – မိုးကုတ် လမ်းပေါ်က နွယ်ရုံကျေးရွာ ရဲစခန်း အပါအဝင် စစ်အုပ်စု စခန်း ခြောက်ခုကို အပြီးသတ် သိမ်းပိုက်နိုင်ပြီး စခန်းသိမ်း တိုက်ပွဲတွေအတွင်း စစ်သုံ့ပန်း (၁၃)ဦး ဖမ်းမိကာ လက်နက်မျိုးစုံ (၄၀)ကျော် သိမ်ဆည်း ရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) – MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF အနနဲ့ “၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)” နှင့်အတူ စဥ့်ကူးမြို့နယ်မှာလည်း စစ်ဆင်ရေးတွေ ဟန်ချက်ညီညီ ဖော်ဆောင်နေပြီး အထက်ပါအတိုင်း စစ်အုပ်စု စခန်းတွေကို သိမ်းပိုက် ရရှိတာလို့ ဒီနေ့ ဇူလိုင်(၃)ရက်မှာ ထုတ်ပြန်ပါတယ်။

“ယခုအခါ စဥ့်ကူးမြို့နယ်အတွင်းရှိ ဒိုးနွယ်ရွာ တပ်စခန်း ၊ နမ့်ဟပ်ရွာ တပ်စခန်း ၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း ၊ ရွှေမာလဲစေတီ တပ်ခစန်း ၊ ရွာတော်လေး တပ်စခန်း နှင့် နွယ်ရုံ ရဲစခန်း တို့ကို အပြီးသတ် သိမ်းပိုက် ထားပြီး ဖြစ်သည်။ ထို့အပြင် စဥ့်ကူး စစ်ဆင်ရေး နယ်မြေအတွင်း လက်နက်မျိုးစုံ (၄၀)ကျော်နှင့် ခဲယမ်း အများအပြား သိမ်းဆည်း ရမိထားပြီး စစ်သုံ့ပန်း (၁၃) ဦးခန့်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့သည်” လို့ MDY-PDF က ဖော်ပြပါတယ်။

စဥ့်ကူးစစ်ဆင်ရေးတွေမှာ MDY-PDF နဲ့အတူ စဥ့်ကူးမြို့နယ် ပကဖ က ထောက်ပို့ဆိုင်ရာ ကိစ္စရပ်တွေမှာ ပံ့ပိုး ကူညီနေတယ်လို့ ဆိုပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် စဥ့်ကူးမြို့နယ် အတွင်းရှိ သတ်မှတ်ထားသော စစ်ရေး ပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်” လို့ MDY-PDF စစ်ဦးစီးအဖွဲ့ က ဖော်ပြပါတယ်။

နွယ်ရုံရဲစခန်း အပါအဝင် စဉ့်ကူးနယ်၊ မန္တလေး – မိုးကုတ် လမ်းပေါ်က ပင်လည်ကြီး စစ်အုပ်စု ဂိတ်ကို တော်လှန်ရေးတပ်တွေက ဇူလိုင်(၁)ရက်၊ မနက်(၃)နာရီလောက်က စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုကလည်း ဇူလိုင်(၁)ရက် မနက်ပိုင်းကနေ ဇူလိုင်(၂)ရက် ညပိုင်းအထိ နွယ်ရုံရွာ အပါအဝင် စဉ့်ကူးနယ် ကျည်တောက်ပေါက်နဲ့ ချောင်းကြီးရွာတွေကို လေကြောင်းနဲ့ တရစပ် တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကျည်ထောက်ပေါက်ကျေးရွာနဲ့ နွယ်ရုံကျေးရွာတွေဘက် မီးလောင် ပျက်စီးမှုတွေ ရှိခဲ့ပြီး အသေးစိတ် အခြေအနေတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

နွယ်ရုံကျေးရွာဘက်မှာ ပစ်ခတ်သံ အနည်းငယ် ငြိမ်သက်နေပေမယ့် တခြားနေရာတချို့မှာ တိုက်ပွဲတွေ ရှိနေတာမို့ မန္တလေး-မိုးကုတ် ကားလမ်း ကတော့ ပိတ်ထားဆဲလို့ ဒေသခံတွေက ပြောပါတယ်။

နွယ်ရုံနဲ့ ချောင်းကြီးရွာဘက် တိုက်ပွဲဖြစ်နေလို့ မန္တလေး – မိုးကုတ်လမ်း ပိတ်နေပြီး မိုးကုတ်ကနေ မန္တလေးဘက် ဆင်းလာတဲ့ ခရီးသွား အများအပြားလည်း နွယ်ရုံရွာရဲ့အထက်က သပိတ်ကျင်းနယ် ဇရပ်ကွင်းနဲ့ လိပ်ကျရွာတွေမှာ ပိတ်မိ နေခဲ့ပါတယ်။

ဇွန်(၂၅)ရက်က စတင်ပြီး မန္တလေးတိုင်း မတ္တရာနဲ့ မိုးကုတ်မြို့နယ်မှာ တိုက်ပွဲ ဖြစ်နေပြီး အဲ့ဒီ မြို့တွေနဲ့ ဆက်စပ် နေတဲ့ မန္တလေး-မိုးကုတ် လမ်းကြောပေါ်က စဉ့်ကူးမြို့နယ် မြောက်ဘက်ခြမ်းနဲ့ သပိတ်ကျင်းမြို့နယ် တောက်ခြမ်း ရွာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေကာ လက်ရှိမှာတော့ တော်လှန်ရေးတပ်တွေက စဉ့်ကူးနယ် နွယ်ရုံရဲစခန်းကို သိမ်းပိုက်နိုင်တာ ဖြစ်ပါတယ်။

စဉ့်ကူးနယ် စစ်ဆင်ရေးတွေကနေ သိမ်းဆည်းရမိတဲ့ လက်နက်နဲ့ ဖမ်းမိတဲ့ စစ်အုပ်စုတွေ/Photo – MDY-PDF

#Mandalay_Free_Press_MFP

Leave a Reply

Your email address will not be published. Required fields are marked *