Uncategorized

အကိုထွန်းက သဘောတွေကောင်းနေလိုက်တာ

အမ်းမြို့သို့ ပို့ဆောင်မည့် စစ်ကောင်စီ၏ ရိက္ခာတင်ကားများ အာရက္ခတပ်တော်က ခွင့်ပြုမှ အမ်းမြို့ပေါ်သို့ ရောက်ရှိ
(လက်နက်တင်ဆောင်လာသည့် ကားများကိုမူ အာရက္ခတပ်တော်က သိမ်းဆည်း)

သဉ္ဇာနွယ်

နိရဉ္စရာ၊ မေ ၄/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့ကို ပို့ဆောင်မယ့်စစ်ကောင်စီရဲ့ စားနပ်ရိက္ခာကားများကို အာရက္ခတပ်တော်က ခွင့်ပြုချက်ပေးမှ အမ်းမြို့ပေါ်ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

အမ်းမြို့ကို ပို့ဆောင်မယ့် စစ်ကောင်စီ ရိက္ခာကား(၂၀) ကျော်ကို အာရက္ခတပ်တော်က သွားခွင့်ပြုလိုက်တဲ့အတွက် မေလ ၂ ရက်နေ့ ည ၇ နာရီကျော်လောက်က အမ်းမြို့ကို ရောက်ရှိလာတယ်လို့ အာရက္ခတပ်တော်နဲ့ နီးစပ်တဲ့ အရာရှိတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောပါတယ်။

“ စစ်ကောင်စီဖက်က ရိက္ခာကား ကုန်တင်ကားတွေကို ကမြင်းကန်ဖက်အရောက်မှာ အာရက္ခတပ်တော်က သွားခွင့်မပြုဘူးလို့ ဟန့်တားခဲ့တယ်။ ဒါပေမယ့် မေလ ၂ ရက်နေ့က ဆန်ကားတွေကိုတော့ သွားခွင့်ပြုလိုက်ပါတယ်။ စီးပွားရေးသမားတွေရဲ့ ဆန်ကားလည်းပါတယ်။ ပြည်သူတွေကို ငှဲ့ညာလို့ လွှတ်ပေးလိုက်တယ်” လို့ ဆိုတယ်။

ရိက္ခာကားများနဲ့ အတူပါလာတဲ့ လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ ကားတွေနဲ့ ကားပေါ်မှာ ပါလာတဲ့ သူတွေကို အာရက္ခတပ်တော်က ဖမ်းဆီး ထိန်းသိမ်းထားလိုက်တယ်လို့ သိရတယ်။

“ ဆန်ကားတွေကို လွှတ်ပေးပြီးတော့ လက်နက်တင်ဆောင်လာတဲ့ကားတွေ အကုန်လုံးကို အာရက္ခတပ်တော်က သိမ်းလိုက်တယ်။ လက်နက်တင်ဆောင်လာတဲ့ ကားကိုမောင်းလာတဲ့သူကိုရော ကားပေါ်မှာပါတဲ့လူတွေရော ဖမ်းထားတယ်” လို့ ပြောတယ်။

Leave a Reply

Your email address will not be published. Required fields are marked *