Uncategorized

ပေါက်မှာ

ပေါက်မြို့နယ်ရှိသံဃာတော်များ ကံဆောင်သပိတ်ပါဝင်လာပြီး အင်အားအများအပြားဖြင့် ချီတက်ဆန္ဒပြ

ဇေအောင်/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ရာတွင် ပါဝင်လာပြီး အင်အားအများအပြားဖြင့် ချီတက် ဆန္ဒပြခဲ့သည်။

ယနေ့(ဇူလိုင်၁ရက်)တွင် ပေါက်မြို့နယ်ရှိ သံဃာတော်များသည် ကျောင်းတစ်ကျောင်းရှိ သိမ်၌စုဝေး၍ အာဏာသိမ်းစစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ခဲ့သည်။

ထို့နောက် သံဃာတော်များက အင်အားအများအပြားဖြင့် လှည့်လည်သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။ ပေါက်မြို့နယ်သည် မကွေးတိုင်းအတွင်း သံဃာများ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ် မှောက်မှု မြို့နယ် သုံးမြို့နယ်မြောက်ဖြစ်သည်။

ကံဆောင်သပိတ်ကို ဇွန်လ ၂၃ရက်​က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ စတင်ပြုလုပ်ခဲ့ပြီးနောက် ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ဝက်လက်၊အရာတော်၊ ဘုတလင်နှင့် မြင်းမူမြို့နယ်များ၌လည်းကောင်း၊ မကွေးတိုင်း၌ မြိုင်၊ ပခုက္ကူနှင့် ပေါက်မြို့နယ်များ၌လည်းကောင်း၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင်လည်းကောင်း ပြုလုပ်လာရာ စုစုပေါင်း မြို့နယ် ၁၄မြို့နယ်အထိ ရှိလာပြီဖြစ်သည်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း)၊ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်ကို စစ်ကောင်စီက ပစ်သတ်ခဲ့၍ သံဃာတော်များက ဆန့်ကျင်သည့်အနေဖြင့် ပြုလုပ်လာခြင်းဖြစ်သည်။

(ပေါက်မြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီးနောက် ချီတက်ဆန္ဒပြနေစဉ်။ဓာတ်ပုံ – CJ)

Leave a Reply

Your email address will not be published. Required fields are marked *