Uncategorized

ဒေါ်ဇင်မာအောင်

တိုင်းရင်းသားအဖွဲ့အစည်းများ၏ခေါင်းဆောင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ မဲလ်ဘုန်းမြို့တွင် တွေ့ဆုံ
( ၂၀၂၄ခုနှစ်၊ ဇူလိုင်လ၊ ၁ ရက် )

၂၀၂၄ခုနှစ်၊ ဇွန်လ (၂၉)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် မဲလ်ဘုန်းမြို့၌ လီဆူ၊ ရ၀မ်၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ဇိုမီး၊ မွန်၊ ရခိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ခေါင်းဆောင်များနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စု၀န်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နွေဦးတော်လှန်ရေးနှင့် မျက်မှောက်ရေးရာများကို အဓိကထား ဆွေးနွေးခဲ့ပါသည်။ တော်လှန်ရေးနှင့်ပတ်သက်သော အကြောင်းအရာများကိုလည်း တက်ရောက်လာသည့် အဖွဲ့အစည်းများ၏ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များက မေးမြန်းခဲ့ကြပြီး ပြည်ထောင်စု၀န်ကြီးက မေးမြန်းချက်များကို ဖြေကြားပေးကာ တော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်ရန်လိုအပ်ကြောင်း၊ စုပေါင်းအင်အားက အောင်မြင်မှုအတွက်အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။ ခေါင်းဆောင်များသည် ၎င်းတို့၏မျိုးနွယ်စုများ၊ ‌ဒေသများအတွင်း ရင်ဆိုင်နေကြရသည့် အခက်အခဲများ၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကို ဆွေးနွေးခဲ့ကြပါသည်။

Ethnic Leaders in Melbourne met with H.E. Daw Zin Mar Aung, Union Minister of Foreign Affairs
(July 1, 2024)

H.E. Daw Zin Mar Aung, the Union Minister of Foreign Affairs met with leaders of Lisu, Rawang, Kachin, Karenni, Karen, Chin, Zomi, Mon, and Rakhine ethnic organizations in Melbourne on 29 June, 2024.

The meeting focused on the ongoing Spring Revolution and current affairs in Myanmar. Daw Zin Mar Aung updated the attendees on the revolution’s progress and emphasized the need for unity among ethnic groups. “Our collective strength is crucial for success,” she stated. Leaders shared their communities’ struggles and the humanitarian crises caused by military actions.

Leave a Reply

Your email address will not be published. Required fields are marked *