Uncategorized

ထိုင်းထီဘတ်သန်း၃၀ပေါက်တဲ့

မြန်မာစစ်ဘေးရှောင်များကို ကူညီနေသူတဦး
ထိုင်းထီ ဘတ်သန်း ၃၀ ဆွတ်ခူးရရှိ

ဇူလိုင်လ ၁ ရက်

ထိုင်းနိုင်ငံ မဲ့ဟောင်ဆောင်တွင် နေထိုင်သူ
ထိုင်းအမျိုးသားတယောက်သည် ယနေ့
(၁.၇.၂၀၂၄ ) တွင် ထွက်သည့် ထိုင်းထီ
ပထမဆုကြီး( ၄၃၄၅၀၃ ) ဆုကို ၅ စောင်တွဲ
ဖြင့် ဘတ်သန်း ၃၀ ဆွတ်ခူးခဲ့ကြောင်းသိရသည်။

အဆိုပါထိုင်းအမျိုးသားသည့် ယခုနှစ် ၃လပိုင်းက
လည်း ( ၂၅၃၆၀၃ ) ဂဏန်းဖြင့် ထိုင်းထီပထမဆုကြီး
၁၄ စောင်တွဲဖြင့် ဘတ် ၈၄ သန်းပေါက်ဖူးခဲ့သူ
ဖြစ်ရာ ယခုနှစ်တွင် ပထမထီဆုကြီး ၂ကြိမ်ဆွတ်ခူး
ခဲ့ရာ ဆုကြေးငွေ စုစုပေါင်း ဘတ် ၁၁၄ သန်း
ရရှိခဲ့ကြောင်းသိရသည်။

ယခု ထီပေါက်သူ ထိုင်းအမျိုးသားသည်
မြန်မာစစ်ဘေးရှောင်များကို ကူညီနေသူဖြစ်ကြောင်း လည်းခေါင်စွတ် မီဒီယာမှဖော်ပြသည်။

#labourhittai

Leave a Reply

Your email address will not be published. Required fields are marked *