Uncategorized

ကိုကျော်ရဲ့

◼️မင်းမော်ကွန်း ရဲ့ ဂျပန်နိုင်ငံ ပွဲဦးထွက် “အိုဆာကာ” ဖျော်ဖြေပွဲကို ရုံပြည့်ရုံလျှံ အားပေးခဲ့ကြပြီး ရန်ပုံငွေ ဂျပန်ယမ်း ၃၆၀၀၀၀၀ ဝန်းကျင် (ဘတ် ၈ သိန်းခန့်) ရရှိ

၁ ဇူလိုင် ||| နွေဦးအသံ |||

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ တော်လှန်အနုပညာရှင် အကယ်ဒမီ မင်းမော်ကွန်း ရဲ့ “တော်လှန်ရေးအတွက် အနုပညာလက်နက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ပုံငွေပွဲကို ဇွန် ၃၀ ရက်၊ ညမှာ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာပြည်ဖွား ပရိသတ်တွေက ရုံပြည်ရုံလျှံ တခဲနက် အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

တော်လှန်အနုပညာရှင် အကယ်ဒမီ မင်းမော်ကွန်း ကိုယ်တိုင်ရေးဆွဲတဲ့ ပန်းချီကားကို လေလံရောင်းချရာ ဂျပန်ယမ်း ၅၅၀၀၀၀ (ဘတ် ၁ သိန်း ၂ သောင်းခွဲ) အောင်မြင်ခဲ့ပြီး ဖျော်ဖြေပွဲမှ ပွဲလက်မှတ်ရောင်းရငွေ အပါအဝင် ရန်ပုံငွေ စုစုပေါင်း ဂျပန်ယမ်း ၃၆၀၀၀၀၀ ဝန်းကျင် (ဘတ် ၈ သိန်းခန့်) ရရှိတယ်လို့ ဆိုပါတယ်။

မြို့ကြီး ၄ မြို့မှာ ရန်ပုံငွေပွဲ ဖျော်ဖြေဖို့ ဇွန် ၂၅ ရက်မှာ ဂျပန်နိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး တော်လှန်အနုပညာရှင် မင်းမော်ကွန်းက Gunma မြို့မှာ ဂျူလိုင် ၇ ရက်မှာလည်းကောင်း၊ Kyushu မြို့မှာ ဂျူလိုင် ၁၃ ရက်မှာလည်းကောင်း၊ Tokyo မြို့မှာ ဂျူလိုင် ၁၄ ရက်မှာလည်းကောင်း ဆက်လက်ပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။

ဇွန်လအတွင်း ဩစတေးလျနိုင်ငံ၊ မြို့တော် ဆစ်ဒနီ နဲ့ မဲလ်ဘုန်းမြို့တို့မှာ ပြုလုပ်ခဲ့တဲ့ တော်လှန်ရေး ရန်ပုံငွေပွဲ ၂ ပွဲမှ စုစုပေါင်း 126000 AUD (ဘတ် ၃ သန်းနဲ့ ၉ သောင်းခွဲ) ရရှိခဲ့ဖြစ်ပြီး တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေမှာ စနစ်တကျ ပွင့်လင်းမြင်သာစွာ ထောက်ပို့သွားမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *