Uncategorized

မတ္တရာရဲ့

မတ္တရာ Alpha စက်ရုံကို စီးနင်းတိုက်ခိုက်ပြီးတဲ့အခါမှာ လျှို့ဝှက်လက်နက်စက်ရုံငယ် ရလိုက်လို့ တိုက် ခိုက်တဲ့အဖွဲ့ တွေဟာ လက်နက် အတန်အသင့် ရခဲ့တယ်လို့ ဆိုပါတယ်။လက်နက်စက်ရုံငယ်တော့ ဖြစ်နိုင်ချေနည်းပါတယ်။လက်နက် Store တစ်ခုဖြစ်ပါမယ်။စကစဟာ သူတို့ပိုင် စက်ရုံတွေကို ကာကွယ်ဖို့ MA Series တွေ လျှို့ဝှက် ထုတ်ပေးထားပြီး ရှမ်းမြောက်လို တိုင်းရင်းသားတပ်တွေနဲ့ နီးကပ်စွာရင် ဆိုင်ထားရတဲ့ သူ့မိသားစုတွေကို ဒုတိယကမ်ဘာစစ်လက်ကျန် ရှားပါး ကာဘိုင် နဲ့ ရိုင်ဖယ်တွေကိုသာ တပ်ဆင်ပေးထားတာကြည့်ရင် စစ်ဗိုလ်ချုပ်များရဲ့ ရင်တွင်းဖြစ် သဘောထားမှန်ကို နားလည်သင့်ပြီ။

သတင်းကို ဆက်ရရင် တိုက်ခိုက်တဲ့အဖွဲ့မှာ အမျိုး သမီးတပ်ဖွဲ့၀င်တွေ ရဲဝံ့စွာ ပါ၀င်ခဲ့ပြီး စက်ရုံတစ်စိတ်တစ်ပိုင်းကိုလည်း မီးရှို့ဖျက်စီးနိုင်ခဲ့ပါတယ်။မတ္တရာကို စကစဟာ ပြန်လည် ထိုးစစ်ဆင်ဖို့ တပ်မ ၉၉ စစ်ကူ နန်းတွင်းထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ဧည့်ခံနိုင်ဖို့ ပြင်ထားကြပါကုန်လော့။မတ္တရာကတဆင့် မိုးကုတ်အထိပါ ချီတက်နိုင်ဖို့ ရည်ရွယ်ပုံရပါတယ်။အင်အား ၁၀၀၀ စုဖွဲ့ထားတယ် ဆိုတော့ ပျူသူ့စစ်တွေကို လက်မောင်းတံဆိပ်ပြောင်းတပ်ပြီး စုပေါင်းစပ်ပေါင်း လွှတ်ပုံရတယ်။

ဖထီးတို့ဘက်တောင် အသံပြန်ကြားလာရပြီ။ တပ်မ ဟာ ၄ ကျောက်လုံးကြီး ဘက်မှာတော့ ပွဲကထားတယ်လို့ သိရပါတယ်။စစ်မျက်နှာတွေ တပြိုင်တည်းများလာတဲ့ စကစရဲ့ ဗျူဟာနဲ့ ထိတွေ့မှု ဖြစ်တဲ့ မြို့နေလူထုကို အထွက်မခံတော့ဘဲ ဒိုင်းအဖြစ်ကာကွယ်လာတဲ့ နည်းဗျူဟာရယ် ကျောင်းဆင်းတပ်သားသစ်အင်အား နဲ့ Fire Power အားသုံးပြီး ခံစစ်ဆင်ဖို့ ကြိုးစားမယ့် နည်းဗျူဟာ သုံးနေပြီ ဆိုတာလည်း သတိထားရပါ့မယ်။

ရှမ်းမြောက် မြေပြင်သတင်းများနဲ့ အတူ သတင်းထူး သတင်းဆန်းလေးတွေ လာဖို့ရှိနေပါသေးတယ် ခင် ဗျာ။ကျောက်မဲကတော့ မနက်အစောတည်းက ညီ နောင်အဖွဲ့တွေ တိုက်စစ်ဆင်နေပြီ ဖြစ်ကြောင်းပါ။

ဇင်‌ယော်
၂၀၂၄ ဇူ ၀၁ ၀၇၃၀
#ZinYawCaptain

Leave a Reply

Your email address will not be published. Required fields are marked *