Uncategorized

သံတွဲ ငပလီ

သံတွဲ(ငပလီ)ဒေသကို ရခိုင်ပြည်နယ်ရဲ့ (၁၁) မြို့မြောက်အဖြစ်သိမ်းပိုက်နိုင်ဖို့ AA ထိုးစစ်အရှိန်မြှင့်နေ၊

စစ်ကောင်စီက လေကြောင်းကို သုံးပြီး အပြင်းအထန်ခုခံနေ

ဇွန် ၃၀၊ ၂၀၂၄

ရခိုင်ပြည်နယ်၊ ငပလီ ဒေသတစ်ခုလုံးနဲ့ သံတွဲမြို့ကိုပါ အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ အာရက္ခတပ်တော် AA က ထိုးစစ်ကို အရှိန်မြှင့်နေတယ်လို့ AA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲမြို့နဲ့ ၃ မိုင်ဝန်းကျင်ကွာဝေးတဲ့ သံတွဲ(ငပလီ) လေဆိပ်အပါအဝင် သံတွဲတစ်မြို့လုံးကို သိမ်းပိုက်နိုင်ဖို့ အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော် အေအေ)က ထိုးစစ်အရှိန်မြှင့်နေခြင်းလည်းဖြစ်ပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဂေါ့၊ မဇင်၊ ဂျိတ်တော၊ ဇီးဖြူကုန်းကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကိုရွှေ့ပြောင်းနေကြပြီး စစ်ကောင်စီက ဧရာ၀တီတိုင်းဘက်ကို ထွက်တဲ့လမ်းကို ပြန်လည်ဖွင့်လှစ်ပေးထားလို့ မြို့အတွင်းလူမရှိသလောက် ဖြစ်နေပြီလို့ ဒေသခံတွေကဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်က ဇွန်လ ၂၉ ရက်မနေ့က သံတွဲမြို့ကို လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အမှတ် ၈ ရပ်ကွက်ထဲက မြို့ဦးဘုန်းကြီးကျောင်းနဲ့ ငပလီကမ်းခြေက ရွှေကျောင်းပြင်ရွာမှာရှိတဲ့ ဘဂျိတ္က တောင် ဘုန်းကြီးကျောင်းဝင်းထဲ ဗုံးတွေကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

အာရက္ခတပ်တော် AA ကတော့ အခုရက်ပိုင်းအတွင်း သံတွဲကစစ်ရေးသတင်းအချို့ကို တရားဝင်ထုတ်ပြန်ပြောဆိုထားခြင်းတော့ မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *