Uncategorized

မတူပီမှာ ကြွေတဲ့

🟦မတူပီမြို့သိမ်းတိုက်ပွဲတွင် CDF မင်းတပ်ရဲဘော်တဦးကျဆုံး
———-
The Matupi Times ၊ ၂၉ ဇွန်၊ ၂၀၂၄

မတူပီမြို့ ၊ မတူပီ-ဟားခါးလမ်းရှိ ကျန်ရှိနေသေးသော စစ်ကောင်စီတပ်စခန်းတိုက်ပွဲဆက်လက်ဖော်ဆောင်နေစဉ် ‘ချင်းညီနောင်’မဟာမိတ်အဖွဲ့ဝင်၊ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ရဲဘော်တဦး မြင့်မြတ်စွာကျဆုံးသွားကြောင်း သိရပါတယ်။

မတူပီ-ဟားခါးလမ်းရှိ စစ်ကောင်စီတပ်စခန်းများသိမ်းပိုက်စဉ် ဒီကနေ့ (ဇွန် ၂၉) အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ချင်းညီနောင်မဟာမိတ်အဖွဲ့နဲ့စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ၌ ကျဆုံးခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ချင်းညီနောင်မဟာမိတ်အဖွဲ့ဟာ ဒီကနေ့ ဇွန်လ(၂၉)ရက်နေ့၌ မတူပီမြို့ရှိ၊ စကစတပ်စခန်းအားလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ ဒီကနေ့သိမ်းပိုက်နိုင်ခဲ့သည့် စကစစခန်းသိမ်းတိုက်ပွဲများတွင် ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်များမှ ရဲဘော်အချို့သည် ရှေ့တန်းတိုက်ပွဲတွင် မြင့်မြတ်စွာအသက်ပေးလှူသွားကြကြောင်းသိရပါတယ်။

#fallenheros
#The_Matupi_Times
#operationcb
ဓာတ္ပုံ-The Mindat Post

Leave a Reply

Your email address will not be published. Required fields are marked *