Uncategorized

မိုးမိတ်

မိုးမိတ်မြို့၌ တိုက်ပွဲဖြစ်နေ

ဇွန်လ ၂၉ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တွင် ယနေ့(ဇွန်လ ၂၉ရက်) နံနက် ၈နာရီခန့်မှစတင်၍ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး လက်နက်ကြီး၊လက်နက်ငယ်သံများ ဆူညံနေကြောင်း မြို့ခံများက ပြောသည်။

” တိုက်ပွဲစပြီ။ ဒရုန်းတွေလည်း အများကြီးပဲ။ စစ်တပ်စခန်းတွေကို စဆော်နေပြီ”ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်စွဲထားသည့် ရွှေဇာလီ၊ လယ်ကြီးစခန်းပတ်ဝန်းကျင်၌ ပစ်ခတ်သံများဆူညံနေသည်ဟု ဒေသခံများက ပြောသည်။

မိုးမိတ်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များရှိနေသည်။ ယနေ့တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့်အဖွဲ့များကို အသေးစိတ်မသိရှိရသေးပေ။

TNLAက ဦးဆောင်ပြီး ဇွန်လ၂၅ရက်ကစတင်သည့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)တွင် ကျောက်မဲ၊သီပေါ၊ မိုးကုတ်၊ နောင်ချိုမြို့တို့နှင့်အတူ မိုးမိတ်မြို့လည်းပါဝင်နေသည်။

မိုးမိတ်မြို့တွင် လွန်ခဲသည့်ရက်အနည်းငယ်ကတည်းက စစ်ကောင်စီက လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေခဲ့ပြီး ယနေ့မှစတင်၍ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းဟု ဒေသခံများကပြောသည်။

#LNO
#HlaingInfo

 

Leave a Reply

Your email address will not be published. Required fields are marked *