Uncategorized

သူပါလာရင်တော့

ကိုးကန့် MNDAA တပ်အင်အား တစ်ထောင်ကျော် လက်နက်ကြီးတွေနဲ့ သီပေါဘက် ရောက်ရှိတပ်စွဲနေ

ဇွန်လ ၂၉ ရက်

သီပေါမြို့ဘက်မှာတော့ လက်နက်ကြီး တစ်လုံးတလေပစ်ခတ်တာကလွဲလို့ ငြိမ်သက်နေပေမယ့် စဉ့်အင်ရွာမှာတော့ မနေ့ဇွန်လ၂၈ ရက်ညနေပိုင်းမှာ MNDAA ကိုးကန့်တပ်အင်အား တစ်ထောင်ကျော် လက်နက်ကြီးတွေ ကား ၈ စီးနဲ့ ရောက်ရှိတပ်စွဲနေတယ်လို့ ရွာခံတွေဆီက ခိုင်မာတဲ့ပြောကြားချက်အရ သိရပါတယ်။

စဉ်အင်ရွာ သီပေါ ဒုဌဝတီတံတားဘက် ကိုးကန့်တပ်ဖွဲ့တွေ အလုံးအရင်းနဲ့ရောက်ရှိလာပြီး တပ်စွဲနေရာယူနေပြီး နဂို တပ်စွဲထားတဲ့ တအာင်း(ပလောင်)တပ်ဖွဲ့တွေ ထွက်ခွါသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“ညက မိုင်းတွေ၊ လက်နက်ကြီးကျည်တွေ ထမ်းရတာ မနက် ၂ နာရီကျမှ ပြီးတယ်၊ အိမ်မှာရောရွာမှာပါ ကိုးကန့်တွေ အပြည့်ပဲ၊ ပလောင်တွေ ခွာသွားပြီးတော့ သူတို့ရောက်လာတာ”လို့ စဉ့်အင်ရွာသား တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ပုံ-ပုံဟောင်း

Leave a Reply

Your email address will not be published. Required fields are marked *