Uncategorized

ပျော်ပြီလေ

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေး အထူးတပ်ဖွဲ့ SSTF လည်း ပါဝင်

🔴 Z Fighter June 28 🔴

ရှမ်းမြောက်ဒေသနဲ့ မန္တလေးဒေသတွေမှာ ဇွန် ၂၅ ရက်မှစတင်ပြီး ပြန်လည်ဖြစ်ပွားလာတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေး အထူးတပ်ဖွဲ့ Security & Special Task Force SSTF က မဟာမိတ်တွေနဲ့ လက်တွဲပြီး ပူးပေါင်းပါဝင်တိုက်ပွဲဝင်လျက်ရှိတယ်လို့ သိရပါတယ်။

လုံခြုံရေးနဲ့ အကြမ်းဖက်မှုနှိမ်နင်းရေးအထူးတပ်ဖွဲ့ Security & Special Task Force SSTF က NUG အစိုးရ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ People’s Police ရဲ့ အထူးတပ်ဖွဲ့ဖြစ်တယ်လို့ SSTF မှ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။[The Voice Of Spring][Z-F]

#Adm_2
#TheVoiceOfSpring
#z_fighter

Leave a Reply

Your email address will not be published. Required fields are marked *