Uncategorized

မိုးကုတ် ကျပ်ပြင်စခန်းရပီ

မိုးကုတ်မြို့၊ ကျပ်ပြင်ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီး ရဲစခန်း မီးလောင်နေ(ရုပ်/သံ)

ရန်ကုန်၊ ဇွန် ၂၇

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ခြမ်းရှိ ကျပ်ပြင် ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီး ရဲစခန်း မီးလောင်နေကြောင်း‌ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မိုးကုတ်ကျပ်ပြင်ရဲစခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ရဲစခန်း မီးလောင်နေကြောင်း၊ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“မိုးကုတ် ကျပ်ပြင်ရဲစခန်းကို သိမ်းလိုက်ပြီးလို့ သိရတယ်။ ရဲစခန်းလည်း မီးလောင်နေပြီး အခုရာသီဥတုက တော်တော်ဆိုးနေတယ်။ လေယာဉ်တွေ ဆက်တိုက်လာပြီး ဗုံးကျဲနေတယ်” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။

ဇွန်လ ၂၆ ရက်နေ့တွင် မိုးကုတ်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့ကို TNLA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *