Uncategorized

အတူတူပျော်ကြမယ် အမျိုးတို့

◼️နောင်ချိုမြို့နဲ့ ခမရ ၁၁၅ တို့ကို မန္တလေး PDF ၊ TNLA နဲ့ ပူးပေါင်းတပ်တွေ အပြည့်အဝထိန်းချုပ်

၂၆ ဇွန် ||| နွေဦးအသံ |||

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နဲ့ ခမရ ၁၁၅ တို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဇွန် ၂၆ ရက်မှာ အပြည့်အဝထိန်းချုပ်ထားပြီဖြစ်တယ်လို့ သိရပါတယ်။

မန္တလေး PDF ဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ စစ်ဆင်ရေးတွေကို ဟန်ချက်ညီညီ ပါဝင်ဆင်နွှဲလျက်ရှိပြီး ကျောက်မဲ၊ မိုးကုတ်၊ နောင်ချိုနဲ့ မတ္တရာ စစ်မျက်နှာတွေမှာ မဟာမိတ်တွေနဲ့ လက်တွဲပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။

နောင်ချိုမြို့နဲ့ ခမရ ၁၁၅ တို့ကို မန္တလေး PDF ၊ TNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက အပြည့်အဝထိန်းချုပ်ထားပြီး လက်ကျန်တပ်စခန်းတွေဖြစ်တဲ့ ခမရ ၁၁၄ နဲ့ အမတ ၆၀၆ တပ်ရင်းတွေကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

မတ္တရာမြို့နယ်ရှိ ပန်းသလဲတောင်စခန်း ၊ ကျောက်ကြမ်းတောင်စခန်းနဲ့ ရေစိုတောင်စခန်းတွေကိုလည်း သိမ်းပိုက်ရရှိထားပြီး အင်ကြင်းမြိုင်ရွာရှိ လကတ ၁၀၁၄ ကို အပြီးသတ်ရရှိရေး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့နဲ့ ကျောက်မဲမြို့တွေကို မဟာမိတ်တပ်တွေနဲ့ လက်တွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းနဲ့ စစ်ကောင်စီစခန်းအများစုကို ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ မန္တလေး PDF မှ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *