Uncategorized

ဝမ်းသာ လိုက်တာ

နောင်ချိုမြို့ပေါ်ကို TNLAပူးပေါင်းတပ် ဝင်ရောက်ပြီး ဆေးရုံနှင့် မီးသတ်ရုံးသိမ်းယူ

▪️ရဲစခန်းအား ဆက်လက်တိုက်ခိုက်နေဟု ဒေသခံပြော

ဇွန် ၂၅ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ပေါ်တွင် တအောင်းတပ်မတော်(TNLA)ပူးပေါင်းတပ် ဝင်ရောက်လာပြီး မြို့ရှိ ဆေးရုံနှင့် မီးသတ်ရုံးကို သိမ်းယူထားကြောင်း မြို့ဒေသခံအချို့က ပြောသည်။

ယနေ့(ဇွန်လ ၂၅) နံနက်တွင် နောင်ချိုမြို့အဝင်ရှိ စစ်ကောင်စီ​၏ ခမရ(၁၁၄)နှင့် (၁၁၅)တပ်ရင်းအား TNLA ပူးပေါင်းတပ်က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် နောင်ချိုမြို့အဝင်ရှိ ကျောက်ကြမ်းကျေးရွာ၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းမှ ပစ်ကူတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ လေကြောင်းပစ်ခတ်မှုကြောင့် ကျောက်ကြမ်းကျေးရွာ နေအိမ်များ မီးလောင်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

ထို့နောက် TNLA ပူးပေါင်းတပ်များက နောင်ချိုမြို့အတွင်း ဝင်ရောက်လာပြီး မြို့တွင်းတိုက်ပွဲဖြစ်နေသည်ဟု မြို့ခံအချို့က ပြောသည်။

နေ့လယ်ပိုင်းတွင် မြို့ရှိ ဆေးရုံနှင့် မီးသတ်ရုံးအား သိမ်းယူထားသည်ဟုလည်း ဒေသခံများက ဆိုသည်။ ထို့အပြင် ရဲစခန်းအား သိမ်းယူရန်တိုက်ခိုက်နေပြီး အဆိုပါနေရာတွင် ပစ်ခတ်မှုဖြစ်နေသည်ဟု ဒေသခံက ပြောသည်။

” ဈေးနားလေးမှာ စစ်သားတွေက မိုက်တဲ့ကောင်ထွက်ခဲ့အော်နေတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ထို့အပြင် နောင်ချိုမြို့ ဘူတာရပ်ကွက်တွင် နေအိမ်၌ရှိနေသည့် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရထားသည်ဟု ၎င်းက ဆက်ပြောသည်။

ဒေသခံအမျိုးသားတစ်ဦးကလည်း” လက်နက်ကြီးသံတွေရော၊ အသေးသံတွေရော ချနေပြီ။ မြို့ပေါ်မှာ အခု ရဲစခန်းကို ချနေတယ်”ဟု ပြောသည်။

တအာင်းတပ်မတော်(TNLA)က ၁၀၂၇စသ်ဆင်ရေးအဆက်ဟု တရားဝင်ကြေညာပြီးရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချိုမြို့နယ် နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် ယနေ့(ဇွန်လ ၂၅)တိုက်ပွဲများ ဖြစ်ပွားနေကြောင်း TNLAက အသိပေးထုတ်ပြန်ထားသည်။
People’s Spring

Leave a Reply

Your email address will not be published. Required fields are marked *