Uncategorized

ကြားချင်နေတာ

မတ္တရာ၊ စစ်ကောင်စီ၏ အင်ကြင်းမြိုင်လေကြောင်းရန် ကာကွယ်ရေးတပ်ကို PDF များ ဝင်ရောက်တိုက်ခိုက်နေ

ရန်ကုန်၊ ဇွန် ၂၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်နေကြောင်း တော်လှန် ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၂၅ ရက် နံနက် ၈ နာရီခန့်အချိန်မှ စတင်ပြီး မတ္တရာမြို့နယ်၊ အရှေ့ခြမ်းရှိ အကြမ်းဖက် စစ် ကောင်စီ၏ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် အဆက်မပြတ်ခုခံ တိုက် ခိုက်လျက်ရှိပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

အဆိုပါ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကို တိုက်ခိုက်နေသည်မှာ မှန်ကန်ပြီး လက်ရှိအ ချိန် အထိတိုက်ခိုက်နေဆဲဖြစ်ကြောင်း၊ တိုက်ပွဲပြီးဆုံးပါက အပြည့်အစုံ ပြန်လည် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း တော် လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် အပြင်းအထန်ခုခံနေပြီး လေယာဉ်များဖြင့် ဗုံးများ ကျဲချနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

Leave a Reply

Your email address will not be published. Required fields are marked *