Uncategorized

နေပူတော်အနီးမှာ

ဒီနေ့ နေပြည်တော် ခရိုင်နဲ့ မိုင် ၃၀ ကျော် အကွာလောက်ပဲ ရှိတဲ့ တောင်ပေါ်ကျေးရွာလေး (၂) ရွာကို ရောက်ခဲ့တယ်။

ကျောင်း နှစ်ကျောင်းက ဆရာ၊ ဆရာမ စုစုပေါင်း (၃၃) ဦးကို တဉီးကို ကျပ်ငါးသောင်းစီနဲ့ ဆရာ၊ ဆရာမ ၂၀ ဦးအတွက် ဆန်အိတ် တဝက်စီကို ပြည်သူ့အကူအညီအဖြစ်ပေးခဲ့တယ်။ နောက်ကျေးရွာ တရွာက စားဖို့ ဆန်တောင် မရှိတော့တဲ့ အတွက် အခက်ခဲကြီးစွာကြုံနေရတဲ့ စစ်ရှောင်မိသားစု ၁၀ စု ကို အိမ်ထောင်တစုကို ဆန်တအိတ်စီ ပေးလှူခဲ့တယ်။
အဲဒီရွာလေးတွေမှာ လျပ်စစ်မီး ၊ ဖုန်းလိုင်း ဘာဆိုဘာမှ မရှိပါ။

အဲဒီရွာက ကျောင်းသား တရာကျော် မူလတန်း ကလေးလေး တွေကို မေးကြည့်ချက် အရ ရုပ်မြင်သံကြား ကာတွန်းကား အလွန်ကြည့်ဖူးချင်ကြတယ် လို့ ဆိုတဲ့ အတွက် အခုရက်ပိုင်းအတွင်း ဆိုလာပန်နယ် ပါဝါစနစ် နဲ့ စလောင်း တီဗွီအစုံ လိုက် တပ်ဆင်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။

အကောင်းစား ထိုင်းလုပ် ဆိုလာ၊ အိန္ဒိယလုပ် ဆိုလာဘက်ထရီ၊ MPPT Controller ၊ LED TV 21′ ၊ PSI S2 ဂြိုဟ်တုစလောင်း အားလုံး တစုံစာကို ၂၅ သိန်းခန့် ကျသင့်နိုင်ပါတယ်။

သီးခြား အလှူရှင် မိသားစု ရှိရင် အမည် ကမ္ပည်းထိုးပြီး တပ်ဆင်ပေးပါမယ်။
#NayMyoZin

Leave a Reply

Your email address will not be published. Required fields are marked *