Uncategorized

လေးစားလျက်ပါ

လန်ဒန် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကနေ ပေါင်ငွေလေးသောင်းကျော်ရ
~~~
■ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့ကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ဇွန်လ ၂၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။

မွေးနေ့ပွဲနဲ့အတူ ရန်ပုံငွေဈေးရောင်းပွဲကျင်းပခဲ့ပြီး အဲဒီရန်ပုံငွေပွဲကနေ စတာလင်ပေါင် လေးသောင်းသုံးထောင်ကျော် ရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဗြိတိန်ကိုယ်စားလှယ် ဒေါက်တာသက်ကိုကိုက RFA ကို ပြောပါတယ်။

အဲဒီငွေတွေကို မြန်မာပြည်တွင်းက ဒုက္ခသည်စခန်းတွေကို လှူဒါန်းသွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဗြိတိန်ကွန်ဆာဗေးတစ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တချို့၊ NUG အစိုးရဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဆာဆာ၊ ဒေါ်ခင်မမမျိုး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယောင်းမဖြစ်သူ မစ္စမယ်ရီးလောတို့အပါအဝင် ဗြိတိန်ရောက် မြန်မာတွေ တက်ရောက်ခဲ့ပါတယ်။
___________________
Photo: Click to Fight (UK)

Leave a Reply

Your email address will not be published. Required fields are marked *