Uncategorized

ဝမ်းသာလိုက်တာ

‼️Breaking News – သံတွဲမြို့နယ် ငပလီမြို့ မဇင်လေဆိပ်ကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်‼️

ရခိုင်ပြည်၊ သံတွဲမြို့နယ် ငပလီမြို့ မဇင်လေဆိပ်ကို အာရက္ခတပ်တော်က ဇွန်လ ၂၃ ရက်နေ့ ဒီကနေ့ ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

စစ်ရှုံးကောင်စီက အခိုင်အမာ ခံစစ်ပြင်ထားတဲ့ ငပလီမြို့ မဇင်လေဆိပ်နဲ့ အဲဒီ အနီးက ခမရ (၅၆၆) တပ်ရင်း ဌာနချုပ်တွေကို ဇွန်လ ၂၀ ရက်နေ့ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာ အာရက္ခတပ်တော်က လေဆိပ်ကို အပြီးသတ် သိမ်းပိုက်နိုင်လိုက်တာဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုပါတယ်။

လက်ရှိအချိန်တွင် တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပြီး စစ်ရှုံးကောင်စီတပ်က ခမရ (၅၆၆) ထဲကို ဝင်ပြေးကာ ခုခံနေကြဆဲဖြစ်ပြီး အာရက္ခတပ်တော်က ပိတ်ဆို့ တိုက်ခိုက်လျက်ရှိနေကြောင်း သိရှိရပါတယ်။

4C_TruthNews

Leave a Reply

Your email address will not be published. Required fields are marked *