Uncategorized

ဒီလိုကြည်နူးစရာ မြင်ကွင်း

မြဝတီစစ်ဆင်ရေးတွင် အောင်မြင်စွာတိုက်ပွဲဝင်ခဲ့သည့် ရှေ့တန်းပြန် ရဲဘော်များကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

RNA_မေ(၂)၊၂၀၂၄ ခုနှစ်။

ကရင်ပြည်နယ်၊ သင်္ကန်းညီနောင်-မြဝတီစစ်ဆင်ရေးတွင် အောင်မြင်စွာတိုက်ပွဲဝင်ခဲ့သည့် ရှေ့တန်းပြန် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်(ခမ်းဒေါမ်) Pa O People’s Defence Force – Kham Dom ရဲဘော်များအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း PPDFFD က ယနေ့ ထုတ်ပြန်ထားသည်။

KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များက သင်္ကန်းညီနောင်-မြဝတီစစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ ခလရ−၂၇၅ တပ်စခန်််််း ဧပြီလ (၁၁) ရက်နေ့ နံနက် ၄ နာရီကျော်ကသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) စခန်းကို ၂၀၂၄ခုနှစ်၊ ဧပြီလ(၅)ရက် နေ့လယ် ၁ နာရီခန့်က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် ခမရ (၃၅၆) တပ်ရင်းအား မတ်လ ၁၅ ရက်နေ့ ည ၇ ခန့်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြသည်။

မြဝတီမြို့နယ်အတွင်းရှိ ခလရ−၂၇၅ တပ်စခန်််််းမှ နောက်ဆုံးလက်ကျန် အဖွဲ့ကို မြဝတီ-မဲဆောက် အမှတ် (၂) တံတားအောက်ထိ တော်လှန်ရေးအင်အားစုများက လိုက်လံတိုက်ခိုက်သည့်အတွက် သေဆုံးဒဏ်ရာရရှိသူများပြားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီမှ လေကြောင်းအသုံးပြုတိုက်ခိုက်နေသည့်အတွက် ဒေသခံပြည်သူထိခိုက်မည်စိုးသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များက နောက်ဆုတ်ခဲ့သော်လည်း မြဝတီကို စစ်ကူတက်လာသည့် အောင်ဇေယျ စစ်ဆင်ရေးကိုတော့ ယနေ့အထိ ဒေါနတောင်တကျောတွင် ကြားဖြတ်တိုက်ခိုက်မှုများ​ပြုလုပ်နေကြောင်း သိရသည်။

#RedNewsAgency

Leave a Reply

Your email address will not be published. Required fields are marked *