Uncategorized

ငှက်ကင် တကောင်ရ

မိတ္တီလာမြို့နယ်၊ မြင်တော်ကန်ကျေးရွာအနီးတွင် စစ်ကောင်စီလေယာဉ် ၁ စီး ပျက်ကျ၊ ပျက်ကျသည့် နေရာကိုစစ်တပ်ဖြင့် ပိတ်ဆို့ပြီး ဓာတ်ပုံရိုက်ခွင့်နှင့် ပြည်သူများ ဝင်ခွင့် မပြုဘဲ သတင်းအမှောင်ချ

ဇွန် ၂၂

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ မြင်တော်ကန်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီလေယာဉ် ၁ စီး ပျက်ကျခဲ့ပြီး ပျက်ကျသည့်နေရာကို စစ်တပ်များဖြင့် ပိတ်ဆို့ကာ ဓာတ်ပုံရိုက်ခွင့်၊ ပြည်သူများ ဝင်ခွင့်မပြုဘဲ သတင်းအမှောင်ချခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန် မိထၳီလာမြို့နယ် မြင်တော်ကန်ရွာ အနီးတွင် လေယာဉ်ပျက်ကျသွားခြင်းဖြစ်ပြီး လေယာဉ်ပျက်ကျမှုကို အနီးအနားကျေးရွာတချို့က မြင်တွေ့လိုက်ရကြောင်း သိရှိရသည်။

” နံနက် ၈နာရီလောက်က ဖြစ်တာပါ။ လေယာဉ်ပျက်ကျတဲ့ အနား ကပ်မရဘူး ပုံလည်း ရိုက်မရဘူး ။မိထၳီလာမြို့က ပတ်ပတ်လည်က စစ်တပ်တွေချည်းဆိုတော့ ပျက်ကျတဲ့နေရာကို မိနစ်ပိုင်းအတွင်း တပ်တွေ တန်းရောက်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ယနေ့ နံနက်ပိုင်း မိတ္တီလာမြို့နယ်၊ မြင်တော်ကန်ကျေးရွာအနီးတွင် ပျက်ကျသွားသည့် စစ်ကောင်စီလေယာဉ်အမျိုးအစားနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အကြမ်းဖက် တိုက်လေယာဉ်များနှင့်အတူ တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *