Uncategorized

ရင်တွေကွဲရပြန်ပါပြီ

ဂန့်ဂေါမြို့နယ်၊ သာလင်းကျေးရွာအနီးတွင် စစ်တပ်က ပစ်ခတ်ထားသည့် မပေါက်ကွဲဘဲ ကျန်ရှိနေသော ၄၀ မမ ဗုံးသီးကို ကလေးငယ်များ ဆော့ကစားစဉ် ပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၂၁

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သာလင်းကျေးရွာအနီးတွင် စစ်တပ်က ပစ်ခတ်ထားသည့် မပေါက်ကွဲဘဲ ကျန်ရှိနေသော ၄၀ မမ ဗုံးသီးကို ကလေးငယ်များ ဆော့ကစားစဉ် ပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေ ပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်က ဂန့်ဂေါမြို့နယ်၊ သာလင်းကျေးရွာအနီးတွင် တောင်ခင် ရမ်းရဲစခန်းအတွင်းမှ ပစ်ခတ်ထားပြီး မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ၄၀ မမ ဗုံးသီး ၁ လုံးကို နွားကျောင်းသား ညီအစ်ကို ၃ ဦးက တွေ့ရှိပြီး ဆော့ကစားမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားပြီး အသက် ၁၁ နှစ် အရွယ် ကလေး ၁ ဦး သေဆုံးကာ အသက် ၁၄ နှစ်နှင့် အသက် ၁၁ နှစ်အရွယ် ကလေး ၂ ဦးတို့ အသက်အန္တရာယ် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီမနက်ပိုင်း နွားကျောင်းသွားကြတဲ့ ကလေး ၃ ယောက် မပေါက်ကွဲဘဲ ကျန်နေတဲ့ လက်နက်ကြီး ကျည်ကို ဆော့မိလို့ ညီအစ်ကို နှစ်ယောက်ထဲက ညီဖြစ်သူသေတယ်၊ အစ်ကိုဖြစ်တဲ့သူနဲ့ အခြား ကလေး တစ်ယောက်တော့ ဒဏ်ရာအနည်းစီရကြတယ်။ ရွာပြင်လေးမှာပဲ ဖြစ်သွားတာ၊ ပေါက်ကွဲသံ ကြားလို့ သွားကြည့်တော့မှ လက်နက်ကြီး အသီးတစ်လုံးကို ဆော့မိလို ပေါက်ကွဲမှန်းသိကြတာ” ဟု ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ သာလင်းကျေးရွာသည် တောင်ခင်ရမ်းကျေးရွာနှင့် ၂ ဖာလုံခန့်သာကွာဝေးပြီး တောင်ခင်ရမ်း ရဲစခန်းအတွင်း အကြမ်းဖက်စစ်သားများ အထိုင်ချထားခဲ့စဉ်က အနီးအနား ပတ်ချာလည်ကျေးရွာ များကို လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်လုပ်ဆောင်ခဲ့ကြောင်း၊ တောင်ခရမ်း ရဲစခန်းမှ အ ကြမ်းဖက်စစ်သား၊ ရဲများသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က စခန်းစွန့်ခွာကာ မြောက်ခင် ရန်ကျေးရွာအတွင်းသို့ သွားရောက် ပူးပေါင်းထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *