Uncategorized

ကြယ်လေး ၃ ပွင့် . .

ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုး ဖောက်ပြီး စစ်ကောင်စီက လေယာဉ်၊ ဒရုန်းတို့ဖြင့် ဗုံးကျဲမှု TNLA ရဲဘော် ၂ ဦး ကျဆုံး၊ ၂ ရက်အတွင်း TNLA ရဲဘော် ၃ ဦး ကျဆုံး

ရန်ကုန်၊ ဇွန် ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီက ယမန်နေ့ ဒရုန်းဖြင့်ဗုံးကျဲချရာ TNLA ရဲဘော် ၂ ဦး ကျဆုံးခဲ့ရကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန်မှ စတင်ပြီး နံနက် ၁၁ နာရီ ၃၃ မိနစ်အချိန်အထိ စစ်ကောင်စီ တပ်စွဲထားသည့် ရွှေညောင်ပင်ရွာတပ်စခန်းက ဆမ္မဆယ်ရွာရှိ TNLA တပ်စခန်းသို့ ၂ ကြိမ် ဒရုန်းဖြင့်လာရောက် ဗုံးကျဲခဲ့ကြောင်း၊ ထို့ပြင် ဇွန်လ ၁၉ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် မိုးကုတ်မြိုနယ် တောင်နီကျေးရွာတွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း ၊ နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၁၈ ရက်နေ့က လည်း နောင်ချိုမြို့နယ် အုမ္မတီးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်က ဆမ္မဆယ်ရွာအနီးရှိ TNLA တပ်စခန်းကို ဒရုန်းဖြင့် ဗုံး ၄ လုံးလာရောက်ဗုံးကျဲမှုကြောင့် TNLA ရဲဘော် ၁ ဦး အသက်ပေးလှူခဲ့ရပြီး ၄ ဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး TNLA တည် ရှိရာသို့ နေ့စဉ် ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်သည့်အပြင် TNLA ထိန်းချုပ်ရာမြို့ သို ဆက်သွယ်ထားသည့် လမ်းကြောင်းများဖြတ်တောက်ခြင်း၊ ကုန်စည်စီးဆင်းမှု ကန့်သတ်ပိတ်ပင်ခြင်းပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *