Uncategorized

လေး စား ရပါသော ဒေါ်ဇင်မာအောင်

လေး စား ရပါသော ဒေါ်ဇင်မာအောင် ❤

သြစီမှာ အမေ့အတွက် မွေးနေ့အကြိုပြုလုပ်…😘

ဆစ်ဒနီမြို့ရှိ မြန်မာပြည်သား ၃၀၀ ကျော်နဲ့ နိုင်ငံခြား‌ရေးဝန်ကြီး ဒေါ်ဇင်မာအောင် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို ဂုဏ်ပြုဆုတောင်း

၁၇ ဇွန် ||| နွေဦးအသံ |||

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ မြန်မာပြည်ဖွား တိုင်းရင်းသား ၃၀၀ ကျော်နဲ့ တွေ့ဆုံတဲ့ လူထုအစည်းအဝေးသို့ NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဇွန် ၁၆ ရက်မှာ တက်ရောက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြို ဂု‌ဏ်ပြုဆုတောင်းခြင်းလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲရဲ့ အစီအစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြိုအဖြစ် သီချင်းနဲ့ ဂုဏ်ပြုခြင်း၊ ကဗျာရွတ်ဆိုခြင်းနဲ့ မွေးနေ့ဆုတောင်းခြင်း အစီအစဉ်ကို ထည့်သွင်းကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီးမှ နိုင်ငံရေး၊ နိုင်ငံခြားရေးနဲ့ သံတမန်ဆက်ဆံရေးကဏ္႑တွေမှာ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ လက်ရှိ ကြိုးပမ်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တက်ရောက်သူတွေ မေးမြန်းတဲ့ တော်လှန်ရေး အခြေအနေအရပ်ရပ်၊ မဟာမိတ်ဆက်ဆံရေး အခြေအနေ၊ လက်ရှိ ဩစတေးလျ ခရီးစဉ်ရဲ့ ရည်ရွယ်ချက် မျှော်မှန်းချက်တွေနဲ့ ဆောင်ရွက်ရန်ရှိတဲ ရှေ့လုပ်ငန်းစဉ်တွေကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဖြေကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *