Uncategorized

ပျော်လိုရပြီ

တနင်္သာရီမြို့နယ်ရှိ အောင်သာဝရ စစ်စခန်းကို KNLA ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား ၁၇ ဦးသေဆုံးပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

ဇွန် ၁၅ ရက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ အောင်သာဝရ စစ်တပ် စခန်းကို KNLA ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦးသေဆုံးကာ လက်နက် အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်ထံမှသိရသည်။

ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အောင်သာဝရ စခန်းကို KNLA တပ်မဟာ ၄ ၊ KNDO တပ်ရင်း ၇ နှင့် PDF ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦး သေဆုံးပြီး ကျန်ရှိနေသော စစ်သားများသည် စခန်းတွင်းမှ ထွက်ပြေး သွားကြောင်း၊ ထို့ပြင် လက်နက် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အဆိုပါ တပ်စခန်း ဝန်းကျင်ကို KNLA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *