Uncategorized

သာလီစွပါ အကိုထွန်း

အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တည်ရှိရာတောင်ကုတ်မြို့ကို အာရက္ခတပ်တော်ပိတ်ဆို့ထား

ဇွန် ၁၅ရက်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အားဖြည့်ထော က်ကူပေးနေတဲ့ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်တည်ရှိရာတောင်ကုတ်မြို့ကို အာရက္ခတပ်တော်(AA)က ပိတ်ဆို့ထားပြီး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူဖို့ပြင်ဆင်နေပုံပေါက်တယ်လို့ တောင်ကုတ်ဒေသခံတွေနဲ့ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။

အဲဒီတောင်ကုတ်မြို့နယ်ဟာ ရခိုင်ရိုးမတောင်ခြေနားမှာတည်ရှိပြီး ရခိုင်ကနေ တခြားဒေသသို့ကားလ မ်းထွက်ပေါက်ရှိပေမယ့် အဲဒီကားလမ်းတလျှောက်နေရာအများစုကို အာရက္ခတပ်တော်(AA)က ထိန်း ချုပ်ပိတ်ဆို့ထားပြီလို့ ဆိုကြပါတယ်။

အဲဒီတောင်ကုတ်မြို့နယ်ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်ရင်းတွေမှာစစ်သည်အင်အားနည်းပါးနေပြီး စစ်ကူလာမယ့်လမ်းကြောင့်အားလုံးကိုလည်း အာရက္ခတပ်တော် (AA)က ထိန်းချုပ်ပိတ်ဆို့ထားပြီမို့ လက်နက်ကြီးတွေအထိုင်ချပစ်ခတ်ခြောက်လန့်မှုတွေပြုလုပ်နေတယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ် ။

”တောင်ကုတ်ကို အေအေဝင်သိမ်းတော့မယ့်သတင်းကစစ်သားတွေဆီကစထွက်လာတာပါ။မကြာပါဘူး ။လက်နက်ကြီးအထိုင်စခန်းတွေချပြီး လက်နက် ကြီးတွေပစ်နေကြတာပါပဲ။တပ်ထဲမှာလည်းစစ်သားတွေကတအားနည်းနေတော့ ပိုကြောက်ကြတာနေမှာပေါ့။”လို့ တောင်ကုတ်မြို့ခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။

အဲဒီတောင်ကုတ်မြို့နယ်မှာ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပြင် အမှတ် ၃၄၆ ​ခြေမြန်တပ်ရင်းနဲ့အမှတ် ၅၄၄ ခြေမြန်တပ်ရင်းတို့တည်ရှိနေပေမယ့် အဲဒီအထဲက အမှတ် ၃၄၆ ​ခြေမြန်တပ်ရင်းဟာ ကဇုကိုင်းဗျူဟာကုန်းသို့စစ်ကူလိုက်သွားတာမို့ တပ်စောင့်လောက်သာကျန်နေခဲ့တာလို့ ဆိုကြပါတယ်။

အဲဒါကြောင့် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်အပြင်ပန်းမြောက်တောင်၊တပ်ဦးတောင်နေရာတွေမှာ လက်နက်ကြီးအထိုင်စခန်းတွေချပြီး ဇွန်လ ၈ ရ က်နေ့ကစတင်ပြီး အာရက္ခတပ်တော်(AA)လာရောက်တိုက်ခိုက်မယ့်ထင်တဲ့နေရာတွေဆီ ပစ်ခတ်မှုတွေပြုလုပ်နေကြတယ်လို့ ဆိုကြပါတယ်။

နောက်ပြီး တောင်ကုတ်မြို့နဲ့ ၈ မိုင်ခန့်အကွာ တောင်ကုတ်-အမ်းကားလမ်းမကြီးပေါ်ရှိ ရွှေကွမ်းစမ်းတံ တားကိုလည်း ဇွန်လ ၁၃ ရက်နေ့က စစ်ကောင်စီတ ပ်မှ မိုင်းခွဲဖျက်ဆီးထားလိုက်သလို မြို့အဝင်အထွ က်အားလုံးကိုပိတ်ဆို့ထားပြီး ဧည့်စာရင်းစစ်တာတွေ၊လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ
ပြုလုပ်နေကြတယ်လို့ ဆိုကြပါတယ်။

”တောင်ကုတ်က အမ်းနဲ့သံတွဲကြားမှာရှိတာပါ။အမ်းဖက်ကရော့၊သံတွဲဖက်ကပါအေအေကဝိုင်းပတ်ထားပြီလို့ပြောလို့ရပါတယ်။ပြည်မဖက်ကစစ်ကူလာမယ့်ရိုးလမ်းမှာလည်း အေအေကအခိုင်အမာနေရာယူ ထားပြီဆိုတော့ တောင်ကုတ်ကို အေအေက ကြိုက်တဲ့အချိန်ဝင်သိမ်းနိုင်တဲ့ပုံပါ။လက်နက်ချမယ့်ဟာ
ကိုစောင့်နေသလားတော့ မပြောတတ်ပါဘူး။”လို့ ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦးက Border News Agency သို့ ပြောပါတယ်။

အဲဒီတောင်ကုတ်မြို့နယ်ရှိ တောင်ကုတ်-အမ်းကားလမ်း၊တောင်ကုတ်-ပန်းတောင်ကားလမ်း၊တောင်ကု တ်-သံတွဲကားလမ်းတွေကို အာရက္ခတပ်တော်ကထိ န်းချုပ်ပိတ်ဆို့ထားပြီဖြစ်သလို ရေလမ်းထွက်ပေါ က်နေရာတွေကိုလည်း ထိန်းချုပ်ထားတာမို့ ကလိန်တောင်မြစ်ဝထိ တပ်ဆုတ်ထွက်ပြေးဖို့မလွယ်ဘူး
လို့ ဆိုကြပါတယ်။

အဲဒါကြောင့် စစ်ကောင်စီတပ်က လေကြောင်းအ သုံးပြုပြီး တောင်ကုတ်မြို့နယ်နေရာအနှံ့အပြားကို လေယာဉ်တွေနဲ့ကင်းထောက်တာတွေပြုလုပ်နေသ လိုတိုက်လေယာဉ်တွေလည်း လာရောက်ပျံသန်းနေကြတယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။

ရခိုင်မှာ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်၊အမှတ် ၉ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်တို့ အာရက္ခတပ်တော်(A A)က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်
ထားပြီဖြစ်ကာ တောင်ကုတ်မြို့နယ်အခြေစိုက်၊အမှ တ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ကို အာရက္ခတပ်တော်(A A)က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီရင်တော့ ရခိုင်မှာ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်အားလုံးကျရှုံးသွားမှာဖြစ်ပါတယ်။

အဲဒီအမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်လက် အောက်မှာ နည်းဗျူဟာ သုံးခု၊ခြေမြန်တပ်းရင်းဆ ယ်ရင်းရှိပြီး စစ်တွေ-ရန်ကုန်ကားလမ်းဘေးရှိ ကဇုကိုင်းဗျူဟာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။

အဲဒီအမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်လက် အောက်မှာ တောင်ကုတ်မြို့ နယ်အခြေစိုက်အမှတ် ၃၄၆ ခြေမြန်တပ်ရင်း၊အမှတ် ၅၄၄ ခြေမြန်တပ်ရင်း၊အမ်းမြို့နယ်အခြေစိုက်အမှတ် ၃၇၁ ခြေမြန်တပ်ရ င်း၊အမှတ် ၃၇၂ ခြေမြန်တပ်ရင်း၊အမှတ် ၃၇၃ ခြေ မြန်တပ်ရင်း၊ကျောက်ဖြူမြို့နယ်အခြေစိုက်အမှတ် ၅၄၂ ခြေမြန်တပ်ရင်း၊အမှတ် ၅၄၃ ခြေမြန်တပ်ရင်း၊ဂွမြို့နယ်အခြေစိုက်အမှ တ် ၅၆၂ခြေမြန်တပ်ရင်း၊အမှတ် ၅၆၃ခြေမြန်တပ်ရင်း၊သံတွဲမြို့နယ်အခြေ စိုက်အမှတ် ၅၆၆ ခြေမြန်တပ်ရင်းတို့ဖြစ်ပါတယ်။

ရခိုင်ရှိ စစ်ကောင်စီတပ်စခန်း၊တပ်ရင်းအားလုံးကို အာရက္ခတပ်တော်က အပြီးသတ်တိုက်ခိုက်သိမ်းပို က်သွားမယ်လို့ တရားဝင်ထုတ်ပြန်ပြောဆိုထားသ လို မောင်တော၊အမ်း၊သံတွဲမြို့တွေရှိ စစ်ကောင်စီတပ်စခန်းတွေကိုလည်း အာရက္ခတပ်တော်က အပြီး သတ်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူနေပါတယ်။

(ဓာတ်ပုံ-အမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်တည်ရှိရာ တောင်ကုတ်မြို့/BNA)

Leave a Reply

Your email address will not be published. Required fields are marked *