Uncategorized

ဆောလမွန်ငါးတွေ

၂၀၂၃ နှစ်ကုန်ပိုင်းလောက်မှာ ၁၀၂၇ စစ်ဆင်ရေးအရှိန်ရလာတော့ ၂၀၂၄ ထဲမှာ တကယ်လည်း အိမ်ပြန်ရတော့မယ်လို့ ယုံကြည်စိတ် ရှိခဲ့တယ်

၁၀၂၇ ရှမ်းမြောက်တို-က်ပွဲနဲ့အတူ စစ်ကိုင်း ပဲခူးထဲ မြို့သိမ်းတို-က်ပွဲတွေဖြစ်လာတယ် ချင်း ကရင်နီ ကော့ကရိတ် ရခိုင်တို့မှာ တို-က်ပွဲတွေ ဆက်လာတော့ ပြည်နယ်နဲ့ပြည်မ တပြိုင်တည်းစစ်ရေး ဆက်သွားလိမ့်မယ်

စစ်ကောင်စီဟာ ဘယ်လိုမှ တောင့်ခံနိုင်မှာမဟုတ်တဲ့အတွက် ကျိန်း​ေ-သ ပြိုလဲသွားလိမ့်မယ် အချိန်အနည်းငယ် ထပ်ယူရရင်တောင်မှ စစ်တပ်ဟာ စစ်သားရင်းမြစ် စစ်လ-က်နက်ရင်းမြစ် ဘယ်လိုမှ ပြန်လည်ဖြည့်တင်းနိုင်မှာ မဟုတ်တော့တဲ့အတွက် ၂၀၂၄ ထဲ ကျိန်း​ေ-သ အိမ်ပြန်ကြရလိမ့်မယ်လို့ ယုံကြည်ခဲ့တယ်

တရု-တ်ကြားဝင်ပေးမှုနဲ့ အံ့ဩဖို့ကောင်းလောက်အောင် စစ်တပ်ဟာ ရှမ်းမြောက်စစ်ရေးအကြပ်အတည်းကနေ လွတ်သွားခဲ့တယ် စစ်ရေးဟာ ချင်း ရခိုင်ဘက်ကို ရွှေ့သွားခဲ့တယ်ဆိုပေမယ့် ရှမ်းမြောက်တော်လှန်ရေးအရှိန်လောက် အားမကောင်းတော့တာအမှန်ဖြစ်ခဲ့တယ်

၁၀၂၇ စစ်ဆင်ရေး ပြင်းထန်ချိန်မှာ နားလည်ရခက်သွားတာ KNU ဖြစ်တယ် အဲချိန်က မှတ်မှတ်ရရ စောတာနီးက မီဒီယာကနေပြောတယ် ကျနော်တို့ KNU အနေနဲ့ မြို့သိမ်းတို-က်ပွဲတွေထက် ပြည်သူအထိမန-ာဖို့ စစ်ကောင်စီ အင်အားနည်းလာအောင် ဖြည်းဖြည်းမှန်မှန် တို-က်ယူသွားမယ့်သဘောမျိုးပြောသွားတယ် ( အတိအကျတော့ မမှတ်မိ အဲလိုသဘောပြောသွားခဲ့တယ် )

KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်နဲ့ တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်တို့မှာ တို-က်ပွဲပြင်းထန်ခဲ့တာရှိပေမယ့် ကျန် KNU တပ်မဟာတွေဟာ ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ အင်တို-က်အားတို-က် ပါလာခဲ့ခြင်းမရှိတာ ပြန်တွေးရင် အတော်နှမျောဖို့ကောင်းတယ်

အဲချိန်က KNU တပ်မဟာတွေသာ အင်တို-က် အားတို-က် ပါလာခဲ့မယ်ဆို တော်လှန်ရေး အရှိန်က တမျိုးတဖုံ ပြောင်းသွားနိုင်မလား ခဏ ခဏ ပြန်တွေးကြည့်ဖြစ်တယ် အဲချိန်မှာသာ KNU တွေ တောင်ပိုင်းစစ်ရေး ဦးဆောင်ပြီး ပါလာခဲ့ရင် အတော်မြိုင်သွားမှာဖြစ်တယ်

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး အခုထိပြန်လည်မစတင်သေးပေမယ့် စစ်တပ်ဟာ တကယ်တို-က်ရင် တကယ်ပြိုလဲတာ ဘယ်လိုစစ်ရေးဗျူဟာနဲ့ တို-က်ရင် စစ်တပ်ပြိုလဲနိုင်တယ်ဆိုတာ ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးက အကောင်းဆုံး သက်သေပြခဲ့တယ်

၁၀၂၇ စစ်ဆင်ရေးကနေ အကောင်းဆုံးပြပေးခဲ့တာတခုကတော့ တောင်ပိုင်းအပါအဝင် ပြည်မထဲမှာ သူတလူ ငါတမင်း ကစဉ်ကလျားတို-က်နေတဲ့စစ်ရေးပုံစံဟာ စစ်ကောင်စီကို အထိန-ာစေယုံပဲရှိပြီး စစ်တပ်ပြိုလဲဖို့ထိ ဘယ်လိုမှ ဖြစ်စေမှာမဟုတ်ဘူးဆိုတာ မြင်စေခဲ့တယ်

မဟာမိတ်စစ်ရေးစုဖွဲ့မှုဟာ ဘယ်လောက်ထိအင်အားကြီးစေလဲ ဒေသအလိုက် စစ်ရေးတခုတည်းဖြစ်ဖို့ ဘယ်လောက်အရေးကြီးလဲ စစ်လ-က်နက်ရင်းမြစ်က ဘယ်လောက်အဓိကကျလဲဆိုတာ ၁၀၂၇ စစ်ဆင်ရေးမှာ မြင်နိုင်ခဲ့တယ်

စစ်ဆိုတာ ပရမ်းပတာတို-က်နေလို့မရပဲ ညီညွှတ်သော ဗျူဟာတခုတည်းအောက်စစ်ရေးက ဘယ်လောက်ထိ အင်အားကြီးလည်း မြင်သာစေခဲ့တယ်

မြို့တမြို့သိမ်းမယ်ဆို စစ်တပ်ရဲ့ ဘယ်စစ်စခန်း ဘယ်ဗျူဟာစခန်းတွေကို အဓိကတို-က်ပြီးရင် မြို့ကို ဘယ်လိုသိမ်းလို့ရလဲဆိုတာ မြင်စေခဲ့တယ်

သိမ်းလိုက်တဲ့မြို့တွေ လုံခြုံဖို့ ဒေသအတွင်း မြို့နယ်ချင်းဆက်လမ်းပိုင်းတွေ ဘယ်လိုထိန်းချုပ်ရတာ စစ်ယန္တရား တဖန်အသ-က်ပြန်သွင်းမရအောင် ဒေသအတွင်း အခြေစိုက် စစ်စခန်းတွေ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် BGF ရင်းမြစ်တွေ ဘယ်လို ဖျ-က်သိမ်းရလဲဆိုတာ အကောင်းဆုံး ပြပေးခဲ့တယ်

တောင်ပိုင်း KNU အနေနဲ့ ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးကို မြင်အောင်ကြည့်မယ်ဆို ဒေသတွင်းမှာ စစ်တပ်ပြိုလဲစေချင်ရင် စစ်တပ်လောက်ပဲ တို-က်ရမှာမဟုတ်ပဲ စစ်တပ်နဲ့ အကျိုးစီးပွားများနေတဲ့ BGF အပါ ပြည်သူ့စစ်တွေ ဗိုလ်ချစ်သူ KNA တို့နဲ့ ရန်ငါပြ-တ် စစ်ရေး ရှိသင့်နေပြီဖြစ်တယ်

အလားတူပဲ စစ်ကိုင်း မကွေး မန္တလေး ပဲခူးတိုင်းနေရာတချို့ ပြည်မထဲမှာဆိုရင်လည်း စစ်တပ်အတွက် စစ်အခြေစိုက်စခန်းအဖြစ် တည်ရှိနေတဲ့ ပျူရွာတွေကို မဟာမိတ်တပ်ပေါင်းစု စုဖွဲ့ပြီး ရှ-င်းလ-င်းသင့်နေပြီဖြစ်တယ်

၁၀၂၇ စစ်ရေးပုံစံကို လက်ရှိမှာ AA ရခိုင်စစ် KIA ကချင်စစ် ကရင်နီစစ် ချင်းဒေသအနည်းငယ်မှာလည်း မြင်နိုင်ပါတယ် စစ်ရေးဟာ ဒေသတခုလုံးမဟုတ်ရင်တောင် အနည်းဆုံးတော့ မြို့နယ်တခုလုံးဟာ မဟာမိတ်စုဖွဲ့မှုတွေနဲ့ ဗျူဟာတခုတည်းအောက်မှာ ရှိသင့်နေပြီဖြစ်တယ်

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ စစ်ရေးနဲ့ပတ်သက်ပြီး ကျနော်တို့ အမြင်က ပြောရမယ်ဆို ကျနော်တို့ အိမ်ပြန်နိုင်မယ့် တခုတည်းသောစစ်ရေးပုံစံက ပြည်နယ် ပြည်မ တပြိုင်တည်းစစ်ရေး စတင်နိုင်မှသာဖြစ်လိမ့်မယ်

စစ်ရေးတခုတည်း ဗျူဟာတခုတည်းအောက် တကယ်တို-က်နေတဲ့ဒေသတွေက ကျိန်း​ေ-သ လွတ်မြောက်သွားမှာဖြစ်တယ် ဒီလိုမှမဟုတ်ပဲ ဝါးအစည်းပြေသလို သူတလူ ငါတမင်း တို-က်နေအုံးမှာဆိုရင် တော်လှန်ရေးပါ စစ်ပန်းလာပြီး ကုန်ကျမှုများလာမယ် ပြည်မထဲမှာ စစ်တပ်လည်းမနိုင် ကိုယ့်ဘက်ကလည်း အနိုင်မတို-က်နိုင် အီလည်လည် ဖြစ်နေမှာဖြစ်တယ်

ဒါကြောင့် ပြည်နယ်နဲ့ ပြည်မ စစ်ရေးတပြိုင်တည်းစတင်ဖို့ တို-က်တွန်းရတာဖြစ်တယ် လက်ရှိမှာ ရခိုင် ကချင်ထဲမှာ တို-က်ပွဲအရှိန်မြင့်နေဆဲဖြစ်တယ် ချင်းဒေသတချို့ မြို့သိမ်းတို-က်ပွဲ ဆင်နွဲလာတယ် ကရင်နီမှာ တို-က်ပွဲပြန်စလာတယ် တဘက်မှာ စစ်တပ်ကလည်း အသစ်ရလာတဲ့လူသစ်တွေနဲ့ စစ်ကိုင်း မကွေး မန္တလေးထဲ နေရာတချို့မှာ စစ်ကြောင်းပြန်ထိုး ရွာတွေကို ဖျ-က်ဆီး-လာနေတယ်

ထူးခြားမှုတခုအနေနဲ့ဆို ပြည်မထဲမှာရှိတဲ့ ERO NUG PDF LDF တပ်ပေါင်းစုတွေဟာ အတော်ငြိမ်ချက်သားကောင်းနေတာ စစ်ဆင်ရေးကြီးတခုဖြစ်ဖို့ အချိန်ယူနေတာလားလို့ ခံစားမိတဲ့အထိ ခြေသံလုံနေတယ် ဒီငြိမ်သက်မှုကနေ ပြည်နယ် ပြည်မ တပြိုင်တည်းစစ်ရေး ဖြစ်လာဖို့ မျှော်မိတယ်

အနည်းဆုံးတော့ ပြည်မထဲမှာ မြို့နယ်အလိုက် ဗျူဟာတခုတည်းအောက်စစ်ရေး ၁၀ မြို့နယ်လောက်သာ ပြည်နယ်နဲ့အတူ တပြိုင်တည်း စတင်လိုက်မယ်ဆို ၂၀၂၄ ထဲ အိမ်ပြန်နိုင်မယ့် ယုံကြည်ချက် ပြန်ရှင်သန်လာမှာဖြစ်တယ် ဆောလမွန်ငါးတွေ ဒီနှစ်ထဲ အိမ်ပြန်နိုင်ဖို့ မျှော်လင့်မိပါတယ်

#Yebaw Che

Leave a Reply

Your email address will not be published. Required fields are marked *