Uncategorized

ဝမ်းသာလိုက်တာ

ကချင်အမျိုးသားအလံလွှင့်ထူးနေမြေ တိုးပွား။

ဆဒုံး- ၁၂ ဇွန် ၂၀၂၄။

ကချင်ပြည်နယ်၊ ဆဒုံးမြို့အနီးရှိ ဆဒုံးဗျူဟာတပ်စခန်းကြီးကို KIAတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယနေ့ ဇွန် (၁၂)ရက်နေ့တွင် စခန်း၌ ကချင်အမျိုးသားအလံလွှင့်ထူးထားပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ (၁၁)ရက်နေ့တွင် ဆဒုံးဗျုဟာတပ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်တော် KIA၊ KPDFနှင့် ဂေါ်ရခါးတပ်များမှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆဒုံးဗျူဟာတပ်စခန်းသိမ်းတိုက်ပွဲတွင် စကစဘက်မှ ဗျူဟာမှူး အပါအဝင် တပ်သားအများအပြား သေဆုံးသွားခဲ့ပြီး စစ်လက်နက်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကိုလိုနီခေတ်ကတည်းက တည်ဆောက်ထားပြီး စစ်ကောင်စီတပ်များ စခန်းချတပ်စွဲထားခဲ့သော ဆဒုံးဗျုဟာတပ်စခန်းကြီးကို KIAထိန်းချုပ်ပြီးနောက် ယနေ့တွင် သိက္ခာတော်ရဆရာတော်များနှင့် အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့များမှ ဆုတောင်းအစည်းအဝေးပြုလုပ်ကာ ကချင်အမျိုးသားအလံလွှင့်ထူးထားပြီဖြစ်ကြောင်း သိရသည်။

ထူးခြားဖြစ်စဉ်အနေဖြင့် ယမန်နေ့ ဖြစ်ပွားခဲ့သေည ဆဒုံးဗျုဟာတပ်စခန်းနှင့် အခြား ပြည်သူ့စစ်စခန်း၊ နယ်ခြားစောင့် တပ်စခန်းသိမ်းတိုက်ပွဲများတွင် စကစဘက်မှ လေကြောင်း ပစ်ကူမှုများ မပြုလုပ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက 7 Stars Newsကို ပြောသည်။

ယခုအခါတွင် ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်မှ ဆဒုံးမြို့တလျှောက်ရှိသော စစ်ကောင်စီတပ်စခန်းများကို KIA သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။

ယမန်နေ့ ဇွန်လ (၁၁)ရက်နေ့အတွင်း၌ ဝိုင်းမော်-ဆဒုံးလမ်းပိုင်းရှိ စစ်ကောင်စီတပ်၏ ဗျူဟာတပ်စခန်း၊ ပြည်သူ့စစ်တပ်စခန်း၊ နယ်ခြားစောင့်တပ်စခန်းနှင့် ကာကင်းစခန်း စုစုပေါင်း (၁၈)ခုကို KIAမှ သိမ်းပိုက်လိုက်ကြောင်း သိရသည်။

#7starsNews

Leave a Reply

Your email address will not be published. Required fields are marked *