Uncategorized

ယနေ့ ရွှေဈေးနဲ့ ဒေါ်လာဈေး

ပြည်တွင်းတွင် စီးပွားရေးလုပ်ရန် အလွန်ခက်ခဲလာပြီး ကျပ်ငွေတန်ဖိုး ထပ်မံ ကျဆင်းမည့် အခြေ အနေ များဖြစ်ပေါ်နေ

■ အခေါက်ရွှေတစ်ကျပ်သား ၅၅ သိန်းကျပ်ဝန်းကျင်နှင့် အမေရိကန်တစ်ဒေါ်လာ ၄၄၅၀ ကျပ် ဈေးတန်းဖွင့်

ရန်ကုန်၊ ဇွန် ၁၄

ပြည်တွင်းစီးပွားရေးဈေးကွက်တွင် ယနေ့ ဇွန်လ ၁၄ ရက်နေ့ အခေါက်ရွှေတစ်ကျပ်သား ၅၅ သိန်းကျပ်ဝန်းကျင်၊ အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်ဝန်းကျင်တွင် ဈေးတန်းရှိနေကြောင်း ရန်ကုန်ရွှေကုန်သည်နှင့်နိုင်ငံခြားငွေလဲဒိုင်ထံမှ သိရှိရသည်။

“ဒီမနက်ပိုင်းတော့ ကမ်ဘာ့ရွှေဈေးလည်း နည်းနည်းတက်တယ်။ ပြည်တွင်းရွှေဈေးကတော့ အရွက်ဈေး ပြန်မာလာတာရယ်၊ ကမ်ဘာ့ရွှေဈေးလည်း မာနေတာရယ်ကြောင့် ကျရိပ်မမြင်ရဘူး။ အရောင်းအဝယ် တွေကတော့ ပြင်ပမှာ ပြန်ဖြစ်နေပြီ။ ကျပ်ငွေတန်ဖိုးကတော့ ကမ်ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး Report ထွက်လာတော့ ကျပ်ငွေတန်ဖိုး ပြန်တက်ဖို့လမ်း မမြင်တော့ဘူး။ ကျပ်ငွေတန်ဖိုးက ဆက်ပြီး ကျဖို့ပဲရှိပါတယ်” ဟု ပြည်တွင်းရွှေကုန်သည်က ရှင်းပြသည်။

လက်ရှိ စစ်ကောင်စီဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို ငွေအထုတ်အသွင်း၊ ငွေလွှဲပြောင်းမှုများနှင့် ပတ်သက်၍ အထူးစိစစ်ရန် ညွှန်ကြားထားမှုများကြောင့် ကျပ်ငွေတန်ဖိုး ထပ်မံ ကျဆင်းရန် အခြေအနေများ မြင်နေရသည်ဟု ပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်းက ဆိုကြသည်။

ထို့ပြင် ပြည်တွင်းတွင် စစ်ကောင်စီ၏ ရမ်းကားမှုများကြောင့် စီးပွားရေး လုပ်ရန် မလွယ်ကူတော့ဘဲ စီးပွားရေးသမားများအနေဖြင့် အိမ်နီးချင်းနိုင်ငံများသို့ ငွေကြေးနှင့် ပိုင်ဆိုင်မှုများ လွှဲပြောင်းရန် ဆောင်ရွက်မှုများလည်း တွေ့မြင်လာရကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းက ဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *