Uncategorized

ချင်းညီနောင်မှ ရဲဘော် ၅ဦးကျဆုံး

တီးတိန်မြို့တွင် တိုက်ခိုက်ခံရ၍ ချင်းညီနောင်မှ ရဲဘော် ၅ဦးကျဆုံး

ထားမြတ်/People’s Spring

ချင်းပြည်နယ် တီးတိန် မြို့အပေါ်တွင် ဇွန်လ ၁၃ရက်က ဖြစ်ခဲ့သည့် ပစ်ခတ်မှုအတွင်း ချင်းညီနောင်အဖွဲ့ ဝင် PDFဇိုလဲန်းနှင့် ချင်းအမျိုးသား ကာကွယ်ရေးတပ်(CNDF)မှ ရဲဘော် ၅ဦး ကျဆုံးခဲ့ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

ဇွန်လ ၁၂ ရက် နံနက်က တီးတိန်မြို့ လေလုမ်း ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင်ရှိသော တော်လှန်
ရေးရဲဘော်များအား စစ်ကောင်စီက ဦးစွာ တိုက်ခိုက်ခြင်းဖြစ်ဟု ဆိုသည်။

“သူတို့ရှိတဲ့ အိမ်တစ်ခုကို ဒလန်က သတင်းပေးထားတယ်လို့ သတင်းကြားရတယ်။ အဲဒါ
ကြောင့် မနေ့က မနက် ၇နာရီ ခွဲလောက်မှာ အလစ်အငိုက်နဲ့ ပစ်ခတ်တာ”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ကျဆုံး ရဲဘော် ၅ဦးရှိရာ လေးဦးသည် PDF Zoland ရဲဘော်များဖြစ်ပြီး တစ်ဦးမှာ CNDF ရဲဘော်ဖြစ်သည်ဟု ဆိုသည်။

ဖြစ်စဉ်နှင်ပတ်သတ်ပြီး PDF Zoland တာဝန်ရှိသူ တစ်ဦးကို ဇွန်လ ၁၂ရက်တွင် ဆက်သွယ်
မေးမြန်းထားရာ အဆက်အသွယ် မရသေးပေ။

PDF Zoland တပ်ဖွဲ့က ရဲဘော် ၅ဦး ကျဆုံးခဲ့မှုကို ချင်းဘာသာဖြင့် ထုတ်ပြန် အသိပေးထားသည

“ခွေးရူးကောင်းစား တစ်မွန်းတည့်ပါ။ငါတို့အလှည့်ကျန်သေးတယ်။ မျက်ရည်တွေကို တိုက်ပွဲခွန်အားအဖြစ်ပြောင်းလဲကြတာပေါ့။
ပြည်သူဝန်းရံတဲ့ လူငယ်တွေရုန်းရင် ဘယ်သူခံနိုင်ရိုးလဲ။ကမ်ဘာမကြေဘူး။”ဟုလည်း PDF Zoland Facebook စာမျက်နှာတွင် ဇွန်လ ၁၂ရက်က ရေးသားထားသည်။

ချင်းညီနောင်အဖွဲ့ဝင် PDF Zolandနှင့် CNDF တို့သည် မေလကုန်ပိုင်းက တီးတိန်ရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်ခဲ့သည့် တပ်များဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *