Uncategorized

ဖြူဖြူကျော်သိန်း

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ရည်ရွယ်တဲ့ ဖြူဖြူကျော်သိန်းရဲ့ သီချင်းသစ်

ဆဏ်း / People’s Spring

ဇွန် ၁၉ ရက်မှာ မွေးနေ့ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်အတွက် အမှတ်တရရေးသားထားတဲ့ သီချင်းကို မကြာမီ တင်ပေးဖို့ရှိတယ်လို့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက အသိပေးထားပါတယ်။

သီချင်းရဲ့ နာမည်ကို “သူမ” လို့ပေးထားပြီး လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းကရေးသားထားခဲ့တာလို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

“ဒီသီချင်းလေး ထုတ်မယ်ကြံတိုင်း တုံ့ဆိုင်းနေမိတယ်။ ငါ သိပ်များ personal ဖြစ်သလားပေါ့။ တကယ်တော့လည်း artistic creation တွေဆိုတာ very personal ပါပဲလေ။ အဲ့လို မဖြစ်ရင်လည်း စစ်မှမစစ်တော့တာ။” လို့ ဖြူဖြူကျော်သိန်းက သီချင်းနဲ့ပတ်သက်တဲ့ ခံစားမှုကိုပြောပါတယ်။

အရင်ခေတ်ကောင်းချိန်က ဒေါ်အောင်ဆန်းစုကြည်အကြောင်း သီချင်းတွေလာဆိုခိုင်းခဲ့ပေမယ့် မဆိုဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

“အန်တီက ဘုန်း‌တော်ဘွဲ့တွေလိုတဲ့သူမှ မဟုတ်တာလေ။ ခုတော့ တကိုယ်ရည် ခံစားမိတဲ့အတိုင်း ရေးပြီးဆိုဖြစ်တယ်။ တကယ်က အန်တီနဲ့ လည်း အပြင်မှာ personal ရင်းနှီးကျွမ်းဝင်ခဲ့ခြင်းလည်းမရှိခဲ့ပါဘူး။” လို ဖြူဖြူကျော်သိန်းကဆိုပါတယ်။

သီချင်းဖြန့်ချိမယ့်ရက်ကိုတော့ တိတိကျကျ ပြောထားခြင်းမရှိသေးဘဲ မကြာမီလို့ပဲ အသိပေးထားပါတယ်။

သီချင်းသစ်တွေလုပ်တိုင်း ရင်းနှီးသူတွေကို နားထောင်ခိုင်းလေ့ရှိတာကြောင့် ဒီသီချင်းကိုနားဖထာင်ခိုင်းချိန်မှာ ထူးခြားတဲ့ Feedback တွေပြန်ရသလို တချို့က ဘာမှတောင်ပြန်မပြောဘူးလို့ ဖြူဖြူကျော်သိန်းကပြောပါတယ်။

“အင်မတန်ထူးခြားတဲ့သူတစ်ယောက်အကြောင်း ရေးမိတာဆိုတော့ ထူးဆန်းတဲ့ response တွေရတာလည်း မထူးဆန်းပါဘူးလေ။
ဒီကာလ ကိုယ်ရေးဖြစ်တဲ့ တချို့သီချင်းတွေလိုပဲ အချိုနည်းတယ်ထင်ပါရဲ့။ ” လို့ သူမ သီချင်းနဲ့ပတ်သတ်ပြီး ပြောပြထားပါတယ်

ဖြူဖြူကျော်သိန်းက တော်လှန်ရေးကာလမှာ ပြည်သူ့ဘကက်နေရပ်တည်ပေးခဲ့သလို ကိုယ်တိုင်ရေး သီချင်းတွေကိုလည်း ဖန်တီးဖြန့်ဝေနေသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက သူမကိုယ်တိုင်ရေးသားထားတဲ့ “မငိုနဲ့ တဲ့ ” သီချင်းရဲ့ Music Video ကိုတင်ပေးခဲ့တာ လေးနာရီအတွင်း ကြည့်ရှုသူတစ်သန်းပြည့်ခဲ့ပြီး လက်ရှိအချိန်အထိ ကြည့်ရှူသူ ခြောက်သန်းကျော် ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *