Uncategorized

သာလီစွပါ

ပြည်သူလူထုက လိုလား အသိအမှတ်ပြုသူကိုသာလျှင် AA က အစိုးရအဖြစ် ဆက်ဆံမည်

ဇွန် ၈ ရက်

မြန်မာပြည်သူတစ်ရပ်လုံးက အသိအမှတ်ပြု လိုလားသူကိုသာလျှင် အာရက္ခတပ်တော်-AA အနေဖြင့် အစိုးရအဖြစ်ဆက်ဆံသွားမည်ဖြစ်ကြောင်း AA ပြောခွင့်ရ ခိုင်သုခက ပြောဆိုလိုက်သည်။

ယနေ့ ကျင်းပသည့် အာရက္ခတပ်တော်၏ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ နှင့် NUG အနက်မှ မည်သူကို အသိအမှတ်ပြု ဆက်ဆံမည်နည်းဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ ခိုင်သုခ က အထက်ပါအတိုင်း ပြန်လည်ဖြေ ကြားခြင်းဖြစ်သည်။

မြန်မာပြည်သူတစ်ရပ်လုံးက မည်သူကို အသိမှတ်ပြုသည်၊ မည်သူကိုပိုလိုလားသည်၊ မြန်မာပြည်သူများအတွက် မည်သူက အရည်ချင်းရှိရှိဖြင့် တာဝန်ခံတာဝန်ယူပြီး ဆောင်ရွက်နိုင်ကြောင်းသာလျှင် ပိုပြီး အခရာကျကြောင်း၊
ပြည်သူများအတွက် အစိုးရတာဝန်ကို မည်သူယူနိုင်သလဲဆိုသည့် အချက်ပေါ်မှာမူတည်ပြီး ရွေးချယ်သွားမည်ဖြစ် ကြောင်း အာရက္ခတပ်တော် AA ၏ပြောခွင့်ရ ခိုင်သုခကပြောသည်။

လတ်တလောတွင် AA က အာရက္ခလမ်းစဉ်အတိုင်း ဆက်လက်သွားနေပြီး ခွဲထွက်ရန် မရှိသေးကြောင်း၊ ကိုယ် ပိုင်ပြဌာန်းခွင့်နှင့် ကွန်ဖက်ဒရိတ်ကို အပြည့်အဝရအောင် တည်ဆောက်နေဆဲ ဖြစ်ကြောင်း ၊ တစ်ဖက်နှင့်တစ် ဖက် အပြန်အလှန်လေးစားပြီးလျှင် တည်ငြိမ်အေးချမ်းသည့် အနာဂတ်ကိုတည်ဆောက်ရန် ရည်ရွယ်ပြီး လုပ် ဆောင်နေကြောင်း ခိုင်သုခကပြောသည်။

လက်ရှိတွင် AA က ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းနယ်များကို ထိုးစစ်ဆင်နေပြီး မြို့နယ်အများစုများကို လွှမ်းမိုးသိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *