Uncategorized

နေပူတော်အတွက်

နေပြည်တော်အနီး KNDF စစ်ဗျူဟာ တိုးချဲ့ ဖွဲ့စည်း

ဧရာဝတီ ၊ ဇွန် ၇၊ ၂၀၂၄

စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နှင့် နီးကပ်နေသည့် ရှမ်း-ကရင်နီဒေသတွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)၏ စစ်ဗျူဟာအမှတ် ၈ ကို တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

KNDF တပ်ရင်းအမှတ် ၂၂ ၊ ၂၃ နှင့် ၂၄ တပ်ရင်းများဖြင့် ဖွဲ့စည်းခြင်းဖြစ်ကာ ဖယ်ခုံ ၊ ပင်လောင်းနှင့် ပေါင်းလောင်းဒေသ တို့ကို ဖြန့်ကျက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ တာအယ်စိုးက ပြောသည်။

၎င်းက “မူလ ကရင်နီပြည်ရဲ့ အဝန်းအဝိုင်းထဲမှာပါတဲ့ ဒေသတွေကို လွမ်းခြုံနိုင်ဖို့အတွက် ထပ်ဖွဲ့စည်းခြင်းဖြစ်ပါတယ်”ဟု ဆိုသည်။

စစ်ဗျူဟာ အမှတ် ၈ နယ်မြေဖြစ်သည့် ပင်လောင်းနှင့် ပေါင်းလောင်းဒေသသည် နေပြည်တော်ကို နာရီပိုင်းအတွင်း ရောက်ရှိနိုင်သည့်နေရာဖြစ်သကဲ့သို့ ကရင်နီဒေသသို့ တက်လာမည့် စစ်ကောင်စီစစ်ကြောင်းများအား ကာကွယ် ပိတ်ဆို့ရမည့်နေရာများဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်( ကယားပြည်နယ်)တွင် KNDF သည် စစ်ဗျူဟာ ၈ ခု၊ တပ်ရင်းပေါင်း၂၈ ရင်း၊ စစ်သည်အင်အား တသောင်းကျော်ရှိသည့် အင်အားအများဆုံး လက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်လာသည်။

လက်ရှိ ကရင်နီတွင် ရှမ်း ကရင်နီဒေသ ဖယ်ခုံနှင့်မိုးဗြဲအပါအဝင် လွိုင်ကော်၊ ဖားဆောင်းတို့၌ စစ်ကောင်စီက အင်အားဖြည့်နေပြီး နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ပုံစာ- ကရင်နီတွင် ၂၀၂၄၊ ဧပြီလအတွင်းက ပြုလုပ်သော စစ်သင်တန်းဆင်းပွဲ

Irrawaddy

Leave a Reply

Your email address will not be published. Required fields are marked *