Uncategorized

ဒေါ်ဇင်မာအောင်

ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ၊ South Australian Government Minister H.E. Zoe Bettison၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် the Honourable Tung Ngo MLC၊ the honourable John Fulbrook တို့နှင့်တွေ့ဆုံ

==============
၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်
Radio NUG

ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ၊ South Australian Government Minister H.E. Zoe Bettison၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် the Honourable Tung Ngo MLC၊ the honourable John Fulbrook တို့နှင့်တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။

ဇွန်လ(၆) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် တောင်သြစတြေးလျပြည်နယ်လွှတ်တော်၌ တောင်သြစတြေးလျပြည်နယ်အစိုးရ ရိုးရာယဉ်ကျေးမှုရေးရာနှင့် ခရီးသွားလာရေးဝန်ကြီး H.E Zoe Bettison၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့် the Honourable Tung Ngo MLC နှင့် the Honourable John Fulbrook တို့အား ရင်းနှီးစွာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြန်လည်ထူထောင်ရေးချမှတ်ထားသည့် အစီအမံများကို အသိပေး ဆွေးနွေးခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့်ပတ်သက်ပြီး ခြုံငုံသုံးသပ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးအမျိုးသားညီညွတ်ရေးအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် နိုင်ငံတကာက ပိုမိုနားလည်ကာ ထိရောက်သည့် ပံ့ပိုးကူညီမှုများရရှိရေးနှင့် မြန်မာနိုင်ငံပြည်သူများ၏ အရေးတကြီးလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာဗျူဟာများ အကောင်အထည်ဖော်နေမှုကိုလည်း အလေးပေး ပြောကြားခဲ့ပါတယ်။

The Honourable Tung Ngo MLC နှင့် the honourable John Fulbrook တို့ကလည်း ၄င်းတို့သည် မြန်မာနိုင်ငံပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိပြီး မြန်မာနိုင်ငံပြည်သူများ၏ ဒီမိုကရေစီ လိုလားချက်များကို ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

တွေ့ဆုံမှုအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့အား တောင်သြစတြေးလျပြည်နယ်အစိုးရ၊ ရိုးရာယဉ်ကျေးမှုရေးရာနှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီး H.E. Zoe Bettison တို့က နေ့လည်စာဖြင့် ပြည်နယ်လွှတ်တော် အဆောက်အဦတွင် တည်ခင်းဧည့်ခံခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *