Uncategorized

PDF ရဲဘော်တစ်ဦး ကျဆုံး

မင်းကွန်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ PDF ရဲဘော်တစ်ဦး ကျဆုံး

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်အတွင်း စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်၍ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဧပြီ၂၅ရက်) နံနက် ၅နာရီခန့်က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်မြောက်ပိုင်းရှိ အင်းဒိုင်(အိုင်းနိုင်)ကျေးရွာအတွင်းသို့ တံတားဦးလေတပ်မှ တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ဗုံး နှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ရာ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

“မနက် ၅နာရီလောက်က နှစ်ချက်ပစ်တယ်။ ရွာကလူတွေလည်း တောင်ကြားတွေထဲ ထွက်ပြေးနေရတယ်။မနေ့ကတော့ စစ်တပ်ကို မိုင်းဆွဲတာတော့ရှိတယ်ကြားတယ်။”ဟု မင်းကွန်းဒေသခံတစ်ဦးက ပြောသည်။

ကျဆုံးရဲဘော်ဖြစ်စဉ်နှင့်ပတ်သက်၍ မင်းကွန်းPDF ထံဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ယမန်နေ့ (ဧပြီ ၂၄ ရက်) နေ့လယ်​ကလည်း မင်းကွန်းတိုက်နယ်၊ ထုံးဘိုကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ ပစ်ခတ်မှုအချိူ့ ရှိခဲ့သည်။ စစ်ကောင်စီတပ်ဘက်မှ အထိနာနေ၍ ညတွင်းချင်း အင်အားအများအပြားဖြည့်တင်းခဲ့သည်ဟု မင်းကွန်းတိုက်နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုသည်။

စစ်ကောင်စီဘက်ကမူ ထိုဖြစ်စဉ်၌ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း ဝါဒဖြန့်နေသည်။

ဧပြီ ၁၂ရက်ကလည်း မင်းကွန်းတိုက်နယ်ရဲစခန်းအား ဒေသတွင်းPDF များ ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

(မင်းကွန်းတိုက်နယ် ထုံးဘိုကျေးရွာအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

Leave a Reply

Your email address will not be published. Required fields are marked *